DVB Logo
Home
နိုင်ငံတကာ
“AI ဗိသုကာများ” ကို ယခုနှစ် အထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ် တိုင်းမ်မဂ္ဂဇင်း ရွေးချယ်
DVB
·
December 13, 2025
“AI ဗိသုကာများ” ကို ယခုနှစ် အထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ် တိုင်းမ်မဂ္ဂဇင်း ရွေးချယ်
Donate to DVB

အသိဉာဏ်တု နည်းပညာကို ပုံဖော်ခဲ့ကြတဲ့ "AI ဗိသုကာ"တွေ ကို ၂၀၂၅ ခုနှစ်အတွက် Time မဂ္ဂဇင်းရဲ့ Person of the Year အဖြစ် ဒီဇင်ဘာ ၁၁ ရက်မှာ ရွေးချယ်လိုက်ပါတယ်။

ဒီနှစ်မဂ္ဂဇင်းမျက်နှာဖုံးမှာ Nvidia စီအီးအို ဂျေဆင်ဟွမ်၊ Meta စီအီးအို မာ့ခ်ဇက်ကာဘာ့ဂျ်၊  အီလွန်မက်စ် နဲ့ AI လောကရဲ့ မိခင်ကြီးလို့ တင်စားခံရသူ လီဖေးဖေး တို့အပါအဝင် စဉ်းစားတွေးခေါ်နိုင်တဲ့ စက်ပစ္စည်းခေတ်ကို ဆောင်ကြဉ်းပေးနိုင်ခဲ့တဲ့ နည်းပညာခေါင်းဆောင်တွေ ပါဝင်ပါတယ်။

AI နည်းပညာနဲ့ ဒီနည်းပညာနောက်ကွယ်က ကုမ္ပဏီတွေဟာ လူ့အဖွဲ့အစည်းကို လျင်လျင်မြန်မြန် ပြုပြင်ပြောင်းလဲနေတာကြောင့် အခုလို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ 

"ဒီနှစ်မှာတော့ AI ကို တာဝန်ယူမှုရှိရှိ ဘယ်လိုသုံးမလဲဆိုတဲ့ ဆွေးနွေးငြင်းခုံမှုတွေထက် နည်းပညာကို အမြန်ဆုံး ဖြန့်ချိဖို့ အပြိုင်အဆိုင်ကြိုးပမ်းမှုတွေက နေရာယူသွားပါတယ်" လို့ Time မဂ္ဂဇင်းက ဆိုပါတယ်။ 

ဒီနည်းပညာ ကုမ္ပဏီကြီးတွေကြောင့် လူသားတွေဟာ အလိုအလျောက်စနစ်တွေ လွှမ်းမိုးမဲ့ မရေရာတဲ့အနာဂတ်ဆီကို "ဘရိတ်မပါဘဲ အရှိန်ပြင်းပြင်း မောင်းနှင်နေသလို" ဖြစ်နေပြီလို့လည်း မဂ္ဂဇင်းက ဖော်ပြထားပါတယ်။

ChatGPT ကို စတင်မိတ်ဆက်ပြီးနောက်ပိုင်း နည်းပညာကုမ္ပဏီကြီးတွေဟာ AI နယ်ပယ်မှာ ပြိုင်ဘက်တွေထက်သာဖို့ ဒေါ်လာ ဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံလာကြတာ ဖြစ်ပါတယ်။ 

ဒီနှစ်မှာ မဂ္ဂဇင်းမျက်နှာဖုံး ၂ မျိုး ထုတ်ဝေထားပြီး နာမည်ကျော် "မိုးမျှော်တိုက်ပေါ်က နေ့လယ်စာ" ဓာတ်ပုံကို မှီငြမ်းထားတဲ့ ပုံမှာ ဆောက်လုပ်ရေးလုပ်သားတွေနေရာ နည်းပညာခေါင်းဆောင်တွေကို အစားထိုး ပုံဖော်ထားပါတယ်။ 

Time မဂ္ဂဇင်းဟာ ၂၀၁၆ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ရွေးချယ်ခဲ့ဖူးပါတယ်။ အတိတ်က ဆုရခဲ့သူတွေထဲမှာ အဆိုတော် တေလာဆွစ်ဖ်၊ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ တက်စလာကုမ္ပဏီတို့လည်း ပါဝင်ခဲ့ကြပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013