DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်ကို တရားမစွဲရန် ICC အပေါ်  အမေရိကန် ဖိအားပေး 
DVB
·
December 12, 2025
ထရမ့်ပ်ကို တရားမစွဲရန် ICC အပေါ်  အမေရိကန် ဖိအားပေး 
Donate to DVB

သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ အစ္စရေးခေါင်းဆောင်တွေကို တရားမစွဲဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး (ICC) က ကတိမပြုနိုင်ရင် အရေးယူပိတ်ဆို့မှုသစ်တွေ လုပ်မယ်လို့ အမေရိကန်က ဒီဇင်ဘာ ၁၀ ရက်မှာ ခြိမ်းခြောက်လိုက်ပါတယ်။

ထရမ့်ပ်နဲ့ တာဝန်ရှိသူတွေကို အမှုဖွင့် စစ်ဆေးတာမျိုး မလုပ်နိုင်အောင် ICC ရဲ့ ရောမပဋိညာဉ်စာချုပ် (Rome Statute) ကို ပြင်ဆင်ပေးဖို့ ဖိအားပေးထားတယ်လို့ အစိုးရတာဝန်ရှိသူတယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အစ္စရေးခေါင်းဆောင်တွေကို ဂါဇာစစ်ပွဲကိစ္စ စုံစမ်းနေတာနဲ့ အာဖဂန်နစ္စတန်မှာ အမေရိကန် စစ်သည်တွေရဲ့ ကျူးလွန်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကို ရပ်တန့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဒီအချက်တွေကို မလိုက်နာရင် ICC တာဝန်ရှိသူတွေကို ထပ်တိုးဒဏ်ခတ်မှာဖြစ်သလို တရားရုံးတခုလုံးကိုပါ အရေးယူပိတ်ဆို့သွားမယ်လို့ ဆိုပါတယ်။

အမေရိကန်ရဲ့ မဟာမိတ်တွေ အပါအဝင် ICC အဖွဲ့ဝင်တွေဆီကို ဒီတောင်းဆိုချက်တွေကို အသိပေးထားပြီး ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူက ပြောထားပါတယ်။

ICC က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအက်ဗ် ဂဲလန့်တို့ကို ဖမ်းဝရမ်းထုတ်ပြီးတဲ့နောက် အမေရိကန်က ICC တရားသူကြီးတွေ အပါအဝင် ၉ ယောက်ကို အရေးယူပိတ်ဆို့ထားပြီး ဖြစ်ပါတယ်။

လက်ရှိမှာ တရားရုံးတခုလုံးကို ပိတ်ဆို့တာမျိုး မရှိသေးပေမဲ့ တကယ်လို့ ပိတ်ဆို့လိုက်မယ် ဆိုရင်တော့ နေ့စဉ်လုပ်ငန်းဆောင်တာတွေအပေါ် သက်ရောက်မှု ရှိလာနိုင်ပါတယ်။

ဝန်ထမ်းတွေကို လစာပေးဖို့ ဘဏ်စာရင်းတွေကစပြီး ကွန်ပျူတာတွေမှာ သုံးတဲ့ ရုံးသုံးဆော့ဖ်ဝဲတွေအထိ သုံးစွဲခွင့် ပိတ်ခံရနိုင်ဖွယ် ရှိနေပါတယ်။

ICC မှာ ဥရောပသမဂ္ဂဝင်နိုင်ငံအားလုံး အပါအဝင် ၁၂၅ နိုင်ငံအထိ ပါဝင်ပေမဲ့ အမေရိကန်နည်းတူ တရုတ်၊ ရုရှားတို့လို အင်အားကြီးနိုင်ငံကြီးတချို့ မပါဝင်ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013