DVB Logo
Home
မြန်မာသတင်း
မြောက်ဦးဆေးရုံ စစ်တပ် အကြမ်းဖက်ဗုံးကြဲမှု NUG ပြင်းထန်စွာ ရှုတ်ချ
DVB
·
December 11, 2025
မြောက်ဦးဆေးရုံ စစ်တပ် အကြမ်းဖက်ဗုံးကြဲမှု NUG ပြင်းထန်စွာ ရှုတ်ချ
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုအပေါ်  အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြင်းထန်စွာ ရှုတ်ချကြောင်းကြေညာပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူလူထုအားလုံးအတွက်  တရားမျှတမှုပြန် လည်ရရှိရေးကို ရခိုင်ပြည်သူလူထုနဲ့အတူ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့အတူ လက် တွဲပြီးတော့ ဆက် လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လတ်တလောမှာတော့ ထိခိုက်ခံစားရသူတွေ၊ မိသားစုတွေအတွက် လိုအပ်တဲ့ အကူအညီတွေ ပေးအပ်နိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ည ၉ နာရီကျော်အချိန်မှာ စစ်ကောင်စီတပ်က မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးကို တိုက်လေယာဉ်တွေ အသုံးပြုကာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ လူနာတွေအပါအဝင် ပြစ်မဲ့ အရပ်သားပြည်သူ ၃၅ ယောက် အသက်ဆုံးရှုံးခဲ့ရပြီး ၇၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးသိရှိရပါတယ်။

NUG အစိုးရ အနေနဲ့ ဒီကြေကွဲဖွယ် အဖြစ်ဆိုးအတွက် ပြည်သူလူထုနဲ့အတူ တသားတည်း ရပ်တည်ကာ အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် အလွန်တရာ ဝမ်းနည်းရပါကြောင်းနဲ့ ဒဏ်ရာရရှိသူတွေ အမြန်ဆုံး သက်သာရာရရှိစေဖို့ ဆန္ဒပြုကြောင်း ဖော်ပြ ထားပါတယ်။

ဒါ့အပြင် ဒီရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ကို စစ်အုပ်စုက မြန်မာနိုင်ငံအနှံ့ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ အဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုပေါင်း ၁,၆၀၀ ကျော် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ နောက်ဆက်တွဲအဖြစ် ရှုမြင်ပြီး  NUG အစိုးရအနေနဲ့ ပြင်း ထန်စွာ ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့်မို့ အစိုးရအနေနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို အရပ်သားပြည်သူတွေ၊ အရပ်ဘက်အဆောက်အအုံတွေနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ပစ်မှတ်တွေအပေါ် အကြမ်းဖက်စစ်အုပ်စုရဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေမှုတွေအားလုံးကို ချက်ချင်း အဆုံးသတ်နိုင်ဖို့အတွက် ထိရောက်ပြင်းထန်တဲ့ ဖိအားပေးဆောင်ရွက်မှုတွေ၊ အရေးယူမှုတွေ အမြန်ဆုံးပြုလုပ်သွားဖို့ တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့လည်း စစ်အုပ်စုကျူးလွန်ခဲ့တဲ့  စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအပေါ် အရေးယူနိုင်ဖို့အတွက် ချက်ချင်း ကြားဝင်ဆောင်ရွက်ပေးဖို့နဲ့ တာဝန်ရှိသူတွေကို တရားဥပဒေနဲ့အညီ အရေးယူနိုင်ရေးကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013