DVB Logo
Home
နိုင်ငံတကာ
အမျိုးသားကာကွယ်ရေးမူဝါဒ ဥပဒေမူကြမ်း အမေရိကန်အောက်လွှတ်တော် အတည်ပြု
DVB
·
December 11, 2025
အမျိုးသားကာကွယ်ရေးမူဝါဒ ဥပဒေမူကြမ်း အမေရိကန်အောက်လွှတ်တော် အတည်ပြု
Donate to DVB

အမေရိကန်အောက်လွှတ်တော်က ဒီဇင်ဘာ ၁၀ ရက်မှာ ၂၀၂၆ ခုနှစ် အမျိုးသားကာကွယ်ရေး ခွင့်ပြုချက်ဥပဒေ NDAA ရဲ့ ညှိနှိုင်းထားတဲ့မူကြမ်းကို  အတည်ပြုခဲ့ပါတယ်။

ဒါဟာ ပင်တဂွန် စစ်ဌာနချုပ်အတွက် ဒေါ်လာ ၁ ထရီလျံနီးပါး တန်ကြေးရှိတဲ့ ဥပဒေကြမ်းတခုဖြစ်ပြီး အောက်လွှတ်တော်က ၆၅ နှစ်မြောက် ဆက်တိုက်အတည်ပြုဖို့ မျှော်လင့်ထားပါတယ်။

နှစ်စဉ် အတည်ပြုတဲ့ဥပဒေ ဖြစ်လာလို့ အောက်လွှတ်တော်ဟာ တပ်ဖွဲ့ဝင်တွေအတွက် လစာတိုးမြှင့်ခြင်းကနေ တရုတ်၊ ရုရှားတို့နဲ့ အဓိကလက်နက်အစီအစဉ်တွေကို ယှဉ်ပြိုင်မှုအထိ ကျယ်ပြန့်တဲ့ အစီအစဉ်တွေအတွက် ပို့ဆောင်ပေးတဲ့ယာဉ်တခုအဖြစ် အသုံးပြုနေပါတယ်။

ဒီဥပဒေမူကြမ်းကို လော့ခ်ဟိဒ် မာတင်၊ RTX ကော်ပိုရေးရှင်းနဲ့ ကာကွယ်ရေးဌာနရဲ့ စာချုပ်တွေကို ရထားတဲ့ တခြားကုမ္ပဏီတွေလို အဓိကကာကွယ်ရေးကုမ္ပဏီတွေက အနီးကပ် စောင့်ကြည့်နေပါတယ်။

ဥပဒေကြမ်းဟာ ယူကရိန်း လုံခြုံရေးအကူအညီပေးရေး အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ယူကရိန်းအတွက် လာမဲ့ ၂ နှစ်အတွင်း ဒေါ်လာ သန်း ၄၀၀ စီဖြစ်လို့ စုစုပေါင်း ဒေါ်လာ သန်း ၈၀၀ ကို ပံ့ပိုးပေးပါတယ်။

ဒီငွေတွေနဲ့ ယူကရိန်းစစ်တပ်အတွက် လက်နက်တွေထုတ်လုပ်ဖို့ အမေရိကန်ကုမ္ပဏီတွေကို ငွေပေးချေမှာပါ။

ဘောလ်တစ်လုံခြုံရေး အစီအစဉ်ကိုလည်း ခွင့်ပြုပြီး လတ်ဗီးယား၊ လစ်သူယေးနီးယားနဲ့ အက်စ်တိုးနီးယားနိုင်ငံတွေရဲ့ ကာကွယ်ရေးကို ထောက်ပံ့ဖို့ ဒေါ်လာ ၁၇၅ သန်း ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။

အခု အထက်လွှတ်တော်ကို ရောက်နေပြီဖြစ်တဲ့ ဥပဒေကြမ်းဟာ ကာကွယ်ရေးဌာနရဲ့ ဥရောပမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ကို ၇၆,၀၀၀ အောက်ထိ လျှော့ချနိုင်စွမ်းကိုလည်း ကန့်သတ်ထားပြီး ဥရောပရောက် အမေရိကန်တပ်မှူးတွေက NATO ရဲ့ အမြင့်ဆုံး တပ်မှူးရာထူးကို စွန့်လွှတ်ခြင်းကနေလည်း တားမြစ်ထားပါတယ်။

ဥပဒေကြမ်းမှာ ပူးပေါင်းဆောင်ရွက်တဲ့ ဒုံးကျည်ကာကွယ်ရေး အစီအစဉ်တွေဖြစ်တဲ့ Iron Dome နဲ့ ဒေးဗစ်စ် စလိုင်းတို့အတွက် ရန်ပုံငွေ အပြည့်အဝ အပါအဝင် အစ္စရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ပံ့ပိုးမှာပါ။

ဒါ့အပြင် ဂါဇာစစ်ပွဲကို တုံ့ပြန်တဲ့ ပိတ်ဆို့မှုတွေလို အစ္စရေးအပေါ် နိုင်ငံတကာ လက်နက်ပိတ်ဆို့မှု တွေကို စဉ်ဆက်မပြတ် အကဲဖြတ်ဖို့၊ အစ္စရေးရဲ့ ကာကွယ်ရေးထုတ်လုပ်မှု လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အမေရိကန်က ဝင်ရောက်စွက်ဖက်နိုင်ခြင်း ရှိ၊ မရှိ အကဲဖြတ်ဖို့တွေလည်း ဥပဒေမူကြမ်းထဲမှာ ပါဝင်နေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013