DVB Logo
Home
အားကစား
ထိုင်းဆီးဂိမ်းစ်တွင်  မြန်မာက ခြင်းလုံးပြိုင်ပွဲမှ  ရွှေတံဆိပ် ၂ ခု စတင်ရရှိ 
DVB
·
December 10, 2025
ထိုင်းဆီးဂိမ်းစ်တွင်  မြန်မာက ခြင်းလုံးပြိုင်ပွဲမှ  ရွှေတံဆိပ် ၂ ခု စတင်ရရှိ 
Donate to DVB

ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) မှာ မြန်မာနိုင်ငံက ခြင်းလုံးအားကစားနည်းမှာ အမျိုးသားအသင်းရော အမျိုးသမီးအသင်းကပါ ရွှေတံဆိပ်ဆုတွေ စတင်ရယူပေးနိုင်ခဲ့ပြီး ရွှေတံဆိပ် ၂ ခုနဲ့ နိုင်ငံအလိုက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

မြန်မာ့ရိုးရာ အားကစားနည်းဖြစ်တဲ့ ခြင်းလုံးပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၁၃ ခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲက  စတင်ထည့်သွင်းပြီး ပိုက် ကျော်ခြင်းအားကစားနည်းအောက်မှာ ထည့်သွင်းကျင်းပတာ ဖြစ်ပါတယ်။

Chinlone (Linking) အမျိုးသမီးပြိုင်ပွဲကနေ မြန်မာနိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆုကို မြန်မာအမျိုးသမီးခြင်းလုံးအသင်းက ရယူပေးခဲ့တာဖြစ်ပြီး ဖိုင်နယ်မှာ စုစုပေါင်း ရမှတ် ၄၆၁ မှတ်နဲ့ ​ပထမရရှိခဲ့တာဖြစ်ပါတယ်။ 

မြန်မာခြင်းလုံး အမျိုးသားအသင်းကတော့ ဖိုင်နယ်မှာ ရမှတ်စုစုပေါင်း ၅၅၄ မှတ်နဲ့ ဒုတိယမြောက်ရွှေတံဆိပ်ဆုကို ရယူပေးခဲ့တာ ဖြစ်ပါတယ်။ 

ဒီဇင်ဘာ ၉ ရက်မှာ တရားဝင်စတင်ကျင်းပခဲ့တဲ့ ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ကိုတော့ ထိုင်းနိုင်ငံက အချိန် ၁၈ နှစ်အကြာမှာ အိမ်ရှင်အဖြစ် တကျော့ပြန် လက်ခံကျင်းပခွင့်ရခဲ့တာပါ။

ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီးတော့ ကနဦးကာလက ပြိုင်ပွဲမြှင့်တင်ရေး အားနည်းတာ၊ ပြိုင်ပွဲကျင်းပမဲ့ နေရာတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ အားကစားသမားတွေရဲ့ ထောက်ပံ့ ကြေးကိစ္စတွေ၊ နိုင်ငံရေးဆိုင်ရာ အရှုပ်အထွေးတွေကြောင့် ပြင်ဆင်မှုမရှိဘူးဆိုတဲ့ ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့တဲ့ကြားကပဲ ကျင်းပနေတာပါ။ 

အိမ်ရှင် ထိုင်းနိုင်ငံဟာ အခုနှစ်ဆီးဂိမ်းစ်မှာ အားကစားသမား ၁,၅၃၁ ယောက် ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး မှတ်တမ်းတင် ရွှေတံဆိပ် ၇ ခုအထိ စံချိန်တင်ရယူဖို့ ရည်မှန်းထားတာပါ။

မြန်မာနိုင်ငံကတော့ အခုနှစ်ရဲ့ ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲမှာ အားကစားနည်း ၃၆ မျိုးမှာ ကစားသမား ၁,၄၇၇ ယောက်နဲ့ ဝင်ပြိုင်မှာဖြစ်ပါတယ်။ 

လတ်တလောမှာတော့ အိမ်ရှင်ထိုင်းနိုင်ငံက ရွှေတံဆိပ် ၉ ခုအပါအဝင် ဆု ၁၇ ခုနဲ့ ပြိုင်ပွဲ ဇယားမှာ ထိပ်ဆုံးက ဦးဆောင်နေပြီး မြန်မာနိုင်ငံကတော့ ရွှေတံဆိပ် ၂ ခုအပါအဝင် ဆု ၅ ခုရရှိထားပြီး ဒုတိယနေရာမှာ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013