DVB Logo
Home
နိုင်ငံတကာ
ဥရောပခေါင်းဆောင်များ ပျော့ညံ့ဟု ထရမ့်ပ် ဝေဖန်
DVB
·
December 10, 2025
ဥရောပခေါင်းဆောင်များ ပျော့ညံ့ဟု ထရမ့်ပ် ဝေဖန်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ပ်က ဥရောပခေါင်းဆောင်တွေကို ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီး “ပျော့ညံ့အားနည်းတဲ့အပြင် ယိုယွင်းနေတယ်” လို့ ဝေဖန်သွားပါတယ်။

ဥရောပနိုင်ငံတွေက လူ၀င်မှုကြီးကြပ်ရေးကို မထိန်းချုပ်နိုင်သလို ယူကရိန်း-ရုရှား စစ်ပွဲ အဆုံးသတ်ရေးအတွက် တိကျပြတ်သားတဲ့ ဆောင်ရွက်ချက်တွေလည်း မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ ဖြည့်စွက်ပြောပါတယ်။

ဒါ့အပြင် ဥရောပခေါင်းဆောင်တွေဟာ “ယူကရိန်း ပြိုလဲတဲ့အထိ” တိုက်ခိုက်ခိုင်းနေတယ်ဆိုတဲ့ ထရမ့်ပ်ရဲ့ စွပ်စွဲချက်အရ အမေရိကန်က ပေးအပ်နေတဲ့ အကူအညီတွေကို လျှော့ချနိုင်တယ်လို့ သိရပါတယ်။

အမေရိကန် ဦးဆောင်တဲ့ စစ်ပွဲအဆုံးသတ်ရေး အစီအစဉ်တွေမှာလည်း ဥရောပရဲ့ အခန်းကဏ္ဍ ပါဝင်လာဖို့အတွက် ကြိုးပမ်းလျက်ရှိပါတယ်။

ဒါဟာ ဥရောပတိုက်ရဲ့ ရေရှည်အကျိုးစီးပွားထက် စစ်ပွဲအမြန်ပြီးဆုံးအောင် ဖြေရှင်းမဲ့ နည်းလမ်းအပေါ် စိုးရိမ်မှုရှိနေတာကြောင့် ဖြစ်ပါတယ်။

အဲဒီနောက် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အီဗတ် ကူးပါးက ဥရောပမှာ တွေ့နေရသမျှဟာ “ခွန်အား” သာဖြစ်ပြီး ကာကွယ်ရေးအတွက် ရင်းနှီးမြှုပ်နှံတာမျိုးနဲ့ ယူကရိန်းအတွက် စုပေါင်း ထောက်ပံ့ပေးနေတဲ့ အချက်ကိုပါ ထောက်ပြသွားပါတယ်။

အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်ကို ယူကရိန်း စေ့စပ်ဆွေးနွေးသူတွေက နှစ်သက်သဘောကျပေမဲ့လည်း အဓိကအတားအဆီးဟာ ဇလန်းစကီး ဖြစ်တယ်ဆိုပြီး ထရမ့်ပ်က ပြောပါတယ်။

ဒါကြောင့် ထရန့်ပ်က “စစ်ပွဲကိုအကြောင်းပြပြီး” ယူကရိန်းအနေနဲ့  ရွေးကောက်ပွဲ ရွှေ့ဆိုင်းတာမျိုး မလုပ်ဘဲ ကျင်းပဖို့အတွက် အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီး ကတော့ အမေရိကန်နဲ့အတူ မဟာမိတ်တွေသာ လုံခြုံရေးအတွက် အာမခံနိုင်တယ်ဆိုရင် ၃ လအတွင်း ရွေးကောက်ပွဲကို ကျင်းပပေးဖို့ အသင့်ရှိကြောင်း တုံ့ပြန်လိုက်ပါတယ်။

၂၀၂၄ မေလမှာ ဇလန်းစကီးရဲ့ သမ္မတသက်တမ်း ၅ နှစ်ကုန်ဆုံးသွားပြီ ဖြစ်ပေမဲ့လည်း ရုရှား ကျူးကျော်မှုကြောင့် စစ်အုပ်ချုပ်ရေး ကြေညာထားရတဲ့အတွက် ယူကရိန်းနိုင်ငံက ရွေးကောက်ပွဲတွေကို ဆိုင်းငံ့ထားတာပါ။

အမေရိကန်သမ္မတဟာ ဥရောပနိုင်ငံအများစုအပေါ် ဝေဖန်ပြောဆိုခဲ့ပေမဲ့လည်း ဟန်ဂေရီနဲ့ ပိုလန်တို့က လူဝင်မှုကြီးကြပ်ရေးကို “အတော်လေး ကောင်းအောင်” လုပ်ဆောင်နိုင်ခဲ့တယ်လို့ ချီးကျူးသွားပါတယ်။

မကြာသေးခင်ကပဲ အမေရိကန်ရဲ့ စာမျက်နှာ ၃၃ မျက်နှာပါ အမျိုးသားလုံခြုံရေး မဟာဗျူဟာအသစ်ကို ထုတ်ပြန်ခဲ့ပြီးနောက် Politico သတင်းစာနဲ့ အင်တာဗျူးမှာ ထရမ့်ပ်ရဲ့  မှတ်ချက်ပေး ပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013