DVB Logo
Home
နိုင်ငံတကာ
အမေရိကန်နှင့်နိုင်ငံခြားကုမ္ပဏီများ စည်းမျဉ်းများ လိုက်နာရမည်ဟု ဂျာမနီဝန်ကြီးချုပ် သတိပေး
DVB
·
December 10, 2025
အမေရိကန်နှင့်နိုင်ငံခြားကုမ္ပဏီများ စည်းမျဉ်းများ လိုက်နာရမည်ဟု ဂျာမနီဝန်ကြီးချုပ် သတိပေး
Donate to DVB

အမေရိကန်ပြည်ထောင်စုက ကုမ္ပဏီတွေအပါအဝင် နိုင်ငံခြားကုမ္ပဏီတွေဟာ ဥရောပမှာ အလုပ်လုပ်တဲ့အခါ ဂျာမန်နဲ့ ဥရောပသမဂ္ဂ (EU) ရဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်လို့ ဂျာမနီဝန်ကြီးချုပ်က ဒီဇင်ဘာ ၉ ရက်မှာ ပြောလိုက်ပါတယ်။

လူမှုမီဒီယာပလက်ဖောင်း X အပေါ် ချမှတ်ထားတဲ့ ဒဏ်ငွေနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဝေဖန်ချက်ကို တုံ့ပြန်ပြောဆိုခဲ့တာပါ။ 

အမေရိကမှာရှိတဲ့ ဂျာမန်နဲ့ ဥရောပကုမ္ပဏီတွေဟာ အဲဒီနေရာမှာ သက်ရောက်တဲ့ ဥပဒေတွေကို လိုက်နာရမှာဖြစ်ပြီး လိုအပ်ရင် အလွန်ပြင်းထန်တဲ့ ပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်ရသလိုပဲ ဥရောပမှာရှိတဲ့ အမေရိကန်ကုမ္ပဏီတွေဟာလည်း ဒီနေရာမှာ သက်ရောက်တဲ့ စည်းမျဉ်းတွေကို လက်ခံရမယ်၊ မလိုက်နာရင် ဂျာမနီနဲ့ ဥရောပမှာ ပိတ်ဆို့ဒဏ်ခတ်ခံရမယ့် ဖြစ်နိုင်ခြေတွေ ရှိတယ်လို့ ဖရေးဒရစ်ချ် မားဇ်က အာမေးနီးယားဝန်ကြီးချုပ်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဥရောပ ပွင့်လင်းမြင်သာမှုစည်းမျဉ်းတွေကို ချိုးဖောက်မှုအတွက် ဥရောပကော်မရှင်က အီလွန်မတ်စ်ခ်ရဲ့ လူမှုမီဒီယာပလက်ဖောင်းအပေါ် ဒဏ်ငွေ ယူရို သန်း ၁၂၀ ချမှတ်တာကို ဆိုးရွားရက်စက်တယ်လို့ ထရမ့်ပ်က ဒီဇင်ဘာ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013