DVB Logo
Home
မြန်မာသတင်း
ကျားဖြန့်ဂိုဏ်းထံ ဒေါ်လာ ၄,၀၀၀ ဖြင့် ရောင်းစားခံရသည့် အိန္ဒိယလူငယ် ထောင်ကျပြီးမှ ပြန် လွတ်လာ
DVB
·
December 10, 2025
ကျားဖြန့်ဂိုဏ်းထံ ဒေါ်လာ ၄,၀၀၀ ဖြင့် ရောင်းစားခံရသည့် အိန္ဒိယလူငယ် ထောင်ကျပြီးမှ ပြန် လွတ်လာ
Donate to DVB

ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတခုဆီ အမေရိကန်ဒေါ်လာ ၄,၀၀၀ နဲ့ လူကုန်ကူးရောင်းစားခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံသား လူငယ်တယောက် ထောင်ဒဏ်ရက် ၂၀ ကျခံခဲ့ရအပြီးမှာ ပြန်လည်လွတ်မြောက်လာခဲ့တဲ့အကြောင်း The Times of India သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံ၊ ဟီဆာမြို့က အာဂျေးအမည်ရတဲ့ အဆိုပါ လူငယ်ဟာ ထိုင်းနိုင်ငံမှာ ကွန် ပျူတာအော်ပရေတာအလုပ်ရမယ်ဆိုတဲ့ ကတိကဝတ်နဲ့ လိမ်လည်လှည့်ဖျားခံခဲ့ရတာ ဖြစ်ပါတယ်။

အာဂျေးရဲ့ တိုင်ကြားချက်အရ သူဟာ Faith Academy အမည်အောက်မှာ ဆောင်ရွက်တဲ့ အလုပ်အကိုင်ရှာဖွေရေးအေးဂျင်စီ Happy Soni ကနေတဆင့် ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်မှာ ထိုင်းဗီဇာရရှိခဲ့ပြီး အေးဂျင့်က ကွန်ပျူတာအော်ပရေတာအဖြစ် တနှစ်တာ အလုပ်လုပ်ကိုင်ရဖို့ အာမခံခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံကို ရောက်ရှိသွားတဲ့အခါမှာတော့ အခြေအနေဟာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး သူ့ကို ကားတစီးနဲ့ လေဆိပ်ကနေ လာကြိုပြီး အချိန် ၇ နာရီကနေ ၈ နာရီလောက်မောင်းနှင်ကာ မြန်မာနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော် ခေါ်ဆောင် သွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေရာမှာတော့ သူ့ကို ကုမ္ပဏီတခုဆီ ခေါ်ဆောင်သွားပြီး တရားမဝင်အလုပ်တွေ လုပ်ကိုင်ဖို့ ဖိအားပေးခဲ့ပါတယ်။ အာဂျေးက ဒီအလုပ်တွေကို လုပ်ကိုင်ဖို့ ငြင်းဆန်ကန့်ကွက်တဲ့အခါမှာတော့ ကုမ္ပဏီတာဝန်ရှိသူတွေက သူ့ကို အေးဂျင့်ဖြစ်သူက အမေရိကန်ဒေါ်လာ ၄,၀၀၀ တနှစ်စာချုပ်နဲ့ ရောင်းချထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အာဂျေးက သူဟာ အကျိုးဆောင်ခ စုစုပေါင်း ရူပီးငွေ ၆၈,၂၀၀ ပေးချေခဲ့ရပြီး ရူပီး ၁၈,၂၀၀ ကို အွန်လိုင်းကနေ ပေးချေခဲ့ကာ ရူပီး ၅၀,၀၀၀ ကိုတော့ ငွေသားနဲ့ ပေးခဲ့ ရတယ်လို့ ပြောလိုက်သလို သူ့ဆီမှာလည်း ငွေပေးချေမှုမှတ်တမ်းတွေ၊ ဆက်သွယ်မှု မှတ်တမ်းတွေနဲ့ တခြားသက်သေအထောက်အထားတွေ ရှိတယ်လို့လည်း သိရပါတယ်။

နောက်ပိုင်းမှာတော့ အာဂျေးကို မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ်ရက် ၂၀ ချမှတ်ခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့တာလို့ ဆို ပါတယ်။ 

လတ်တလောမှာတော့ အာဂျေးရဲ့ တိုင်ကြားချက်အပေါ် အခြေခံပြီးတော့ ဟီဆာရဲတပ်ဖွဲ့က အလုပ်အကိုင်အေဂျင်စီ ၂ ခုကို လူကုန်ကူးမှု၊ လိမ်လည်မှု စွပ်စွဲချက်တွေနဲ့ စတင် စုံစမ်းစစ်ဆေးနေပြီလို့ သတင်းမှာ ဖော်ပြပါတယ်။

Source ; The Times of India

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013