DVB Logo
Home
မြန်မာသတင်း
မြန်မာ့စီးပွားရေး အနည်းငယ်နာလန်ထလာသော်လည်း စိန်ခေါ်မှုကြီးကြီးမားမားရှိနေဆဲဟု ကမ္ဘာ့ဘဏ် ထုတ်ပြန်
DVB
·
December 10, 2025
မြန်မာ့စီးပွားရေး အနည်းငယ်နာလန်ထလာသော်လည်း စိန်ခေါ်မှုကြီးကြီးမားမားရှိနေဆဲဟု ကမ္ဘာ့ဘဏ် ထုတ်ပြန်
Donate to DVB

ငလျင်အလွန်ကာလမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးပြန်ကောင်းလာဖို့ အနည်းငယ်တိုးတက်မှု အလားအလာတွေ ပြလာပေမဲ့ ငလျင်ရဲ့ သက်ရောက်မှု၊ ပဋိပက္ခတွေ ဆက်ရှိနေမှု၊ ပြည်တွင်း ဝယ်လိုအား ကျဆင်းမှု၊ အလုပ်သမားရှားပါးမှု၊ လျှပ်စစ်ဓာတ်အားမကြာခဏပြတ်တောက်မှု စတာတွေကြောင့် အခက်အခဲ အတားအဆီး စိန်ခေါ်မှုကြီးကြီးမားမား ရှိနေဆဲဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၈ ရက်နေ့ထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေး သုံးသပ်ချက် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အရင်က မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို မတ်လ ၂၀၂၆ ခုနှစ်မှာ ကုန်ဆုံးမဲ့ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွက် ၂ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းမယ်လို့ ခန့်မှန်းထားခဲ့ပေမဲ့ ၂ ရာခိုင်နှုန်းသာ ကျဆင်းမယ်လို့ ကမ္ဘာ့ဘဏ်က ပြောင်းလဲ ခန့်မှန်းလိုက်ပါတယ်။ 

ဒါ့အပြင် ငလျင်အလွန် ပြန်လည်တည်ဆောက်ရေး အကူအညီတွေ ဆက်လက်ပေးနိုင်မလား အပေါ်မူတည်ပြီး လာမဲ့ ၂၀၂၆-၂၇ ဘဏ္ဍာနှစ်မှာ ၃ ရာခိုင်နှုန်း အနည်းငယ် ပြန်တက်လာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ထိုင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရဲ့ ဒေသဆိုင်ရာ ဒါရိုက်တာ မယ်လင်ဒါဂွတ်ဒ်က“မြန်မာနိုင်ငံမှာ စီးပွားရေး ပြန်လည်နာလန်ထူလာတဲ့ ကနဦးလက္ခဏာတွေကို တွေ့ရတာဟာ အားတက်စရာဆိုပေမဲ့ ငလျင်ဒဏ် ပြန်လည်ထူထောင်ရေးအတွက် ဘဏ္ဍာရေးနဲ့ ငွေကြေးလိုအပ်ချက်တွေ၊ ပြည်တွင်းပဋိပက္ခနဲ့ လုံခြုံရေးအခြေအနေတွေ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ အပါအဝင် အတားအဆီးများစွာနဲ့ ဆက်လက်ရင်ဆိုင်နေရပါတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍကိုလည်း တိုးတက်မှုရှိလာတယ်လို့ အစီရင်ခံစာက ဆိုထားပြီး မြန်မာကျပ်ငွေ တန်ဖိုးလည်း အခုနှစ်မှာ ဖြည်းဖြည်းမှန်မှန် ပြန်တက်နေတာတွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ငလျင်အပြီး ပြန်လည်တည်ဆောက်ရေး အသုံးစရိတ်တွေ တိုးလာတာကြောင့် ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုတွေ ဆက်ရှိနေမှာဖြစ်ပြီး ၂၀၂၆/၂၇ ဘဏ္ဍာရေးနှစ်မှာ GDP ရဲ့ ၅ ရာခိုင်နှုန်းအထိ လိုငွေပြမှုရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။

ပြည်သူ့ကြွေးမြီကလည်း GDPရဲ့ ၆၀ ရာခိုင်နှုန်းအထက်မှာရှိနေမယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဆိုပါတယ်။

ငွေကြေးဖောင်းပွမှုကိုတော့ ၂၀ ရာခိုင်နှုန်းအထက်မှာ ဆက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး နေထိုင်မှု စရိတ်ဖိအားတွေက အိမ်ထောင်စုတွေကို မလွယ်ကူနိုင်အောင် ဆက်လက်ဖိနှပ်နေဆဲပဲလို့ ဆိုပါတယ်။

သယ်ယူပို ဆောင်ရေး ကဏ္ဍကိုတော့ မကြာသေးခင်က အနည်းငယ် ပြန်လည် မြင့်တက်လာတယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013