DVB Logo
Home
မြန်မာသတင်း
စစ်တပ် လေကြောင်းနှင့်မြေပြင်တိုက်ခိုက်မှုကြောင့် တလအတွင်း အမျိုးသမီး ၅၀ ကျော် သေဆုံး
DVB
·
December 9, 2025
စစ်တပ် လေကြောင်းနှင့်မြေပြင်တိုက်ခိုက်မှုကြောင့် တလအတွင်း အမျိုးသမီး ၅၀ ကျော် သေဆုံး
Donate to DVB

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာ တလတာအတွင်းမှာ အမျိုးသမီးဦးရေ ၅၀ ကျော် သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၆၀ နီးပါး ရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)က ထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေထဲမှာတော့ တိုက်ပွဲနဲ့ ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်က ၁၆ ယောက်နဲ့ အများဆုံးပါဝင်ပြီး သေဆုံးအမျိုးသမီး ၅၀ ကျော်ထဲမှာ လေကြောင်း နဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူက ၃၇ ယောက်နဲ့ အများဆုံးဖြစ်ကာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀ ယောက်နဲ့ မတရားသတ်ဖြတ်ခံရမှုကြောင့် သေဆုံးသူ ၄ ယောက် ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထူးခြားဖြစ်စဥ်တွေ အနေနဲ့ နိုဝင်ဘာ ၄ ရက်က သံတောင်ကြီးမြို့နယ်အတွင်း မှာ အကြမ်းဖက် စစ်တပ်ရဲ့ ဘုရင့်နောင် သင်တန်းကျောင်းက စစ်သားတွေနဲ့ ၁၂၄ တပ်ရင်းက စစ်သား ၃ ယောက်က စနေကုန်းကျေးရွာနေ  အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သလို  နိုဝင်ဘာ ၇ ရက်မှာ လည်း ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာနဲ့ ယိုးတရုပ်ကျေးရွာတွေကို အကြမ်းဖက် စစ်တပ်ဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၄ ယောက်အထိ သေဆုံးခဲ့ရတယ်လို့ BWU ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ထိခိုက်ဒဏ်ရာရရှိမှုမှာတော့ လေကြောင်း နဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ၃၈ ယောက်နဲ့ အများဆုံးဖြစ်ကာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၂ ယောက် ထိခိုက်ဒဏ်ရာရရှိ ခဲ့ပြီး မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူတယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

BWU အဖွဲ့ မှတ်တမ်းနဲ့ သုတေသန လုပ်ငန်းစဉ်အနေနဲ့ အခုထုတ်ပြန်တဲ့ အချက်အလက်တွေဟာ တိကျခိုင်လုံတဲ့ သတင်းမီဒီယာအချက်အလက်တွေ၊ မြေပြင်က ရရှိထဲ့ အချက်အလက်တွေကို စုဆောင်းမှတ်တမ်းတင်ထားတာလို့ ဆိုပါတယ်။

Source ; Burmese Women's Union

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013