DVB Logo
Home
မြန်မာသတင်း
စွပ်စွဲဖမ်းဆီးခံ လူငယ် ၂ ဦးကို ကူညီရန် ဒေါ်အောင်ဆန်းစုကြည်ထံ တောင်းဆို
DVB
·
December 12, 2014
စွပ်စွဲဖမ်းဆီးခံ လူငယ် ၂ ဦးကို ကူညီရန် ဒေါ်အောင်ဆန်းစုကြည်ထံ တောင်းဆို
Donate to DVB

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုနဲ့  ဖမ်းဆီးတရားစွဲခံနေရတဲ့ မြန်မာလူငယ် ၂ ဦးရဲ့အမှု  မှန်ကန်တဲ့ တရားစီရင်ရေးဖြစ်ရေး ကူညီဆောင်ရွက်ပေးဖို့ ရခိုင်အမျိုးသား လူမှုကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)က ဒေါ်အောင်ဆန်းစုကြည်ကို  တိုက်တွန်းတောင်း ဆိုလိုက်ပါတယ်။

ဒီကနေ့ မနက်က ရန်ကုန်တာမွေမှာရှိတဲ့ အလိုတော်ပြည့်ကျောင်းတိုက်ကို ရောက်လာတဲ့ ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ကို တိုက်တွန်းခဲ့တာပါ။

10860905_10204655244195222_2607527669473938428_o copy copyရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့ ရန်ကုန်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးကျော်အေးမောင်က “မြန်မာနိုင်ငံသား ၂ ယောက် ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတာနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေးနဲ့ မှန်ကန်တဲ့ တရားစီရင်မှုအောက်မှာ ခုခံချေပပိုင်ခွင့်ရရှိဖို့အတွက် ကူညီဆောင်ရွက်ပေးဖို့ ကျနော်ကိုယ်တိုင် တင်ပြတောင်းဆိုခဲ့ပါတယ်။ အန်တီကတော့ လူ့အခွင့်အရေးနဲ့ မှန်ကန်တဲ့ တရားစီရင်မှုကို ရရှိဖို့အတွက် အရေးကြီးတယ်။ ဒါပေမယ့် သူ့အနေနဲ့ တရားရုံးက ဆောင်ရွက်နေတဲ့ အချိန်မှာ မှတ်ချက်မပေးလိုဘူးလို့ ပြောပါတယ်” လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  မေတ္တာရပ်ခံချက်ဖြစ်ဖြစ်၊ တခုခုလုပ်ပေးရင် အဖမ်းခံနေရတဲ့ မြန်မာနိုင်ငံသား ၂ ဦးအတွက် ပိုပြီးတော့ ကောင်းမွန်တဲ့ အခြေအနေရရှိ မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ဦးကျော်အေးမောင်က ပြောပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း (ခိုတောင်) အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကလည်း သူတို့ရင်ဆိုင်နေရတဲ့ အမှုနဲ့ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ထဲကနေ ခုလို စာရေးတောင်းဆိုထားတာပါ။

“ဒီဖြစ်ရပ်မှာ သားတို့ နှစ်ယောက်နဲ့လုံးဝမင်ဆိုင်ပါဘူး။ ဒါ့ကြောင့်မို့လို့ သားတို့နှစ်ယောက်ရဲ့ဖြစ်ပျက်နေတဲ့ ပြဿ နာကိုကူညီစေချင်တယ်။ အဲ့ဒါကြောင့်လည်း ဒီစာကို ထောင်ထဲကနေပြီး ကျန်ာတို့ရေးလိုက်တာပါ။ သားတို့မဟုတ်တဲ့အတွက်လည်း ထောင်ထဲမှာ မနေချင်ပါဘူး” လို့ စာမှာဖော်ပြထားပါတယ်။

မြန်မာလူငယ် ၂ ဦးရဲ့ မိဘတွေကတော့ ထိုင်းနိုင်ငံကို ထပ်မံသွားရောက် တွေ့ဖို့ အဆင်ပြေအောင် နေရပ် ရခိုင်ပြည်နယ်ကို မပြန်သေးပဲ ရန်ကုန်မှာ ဆက်လက်ထိုင်နေကာ သားတွေ ပြန်လွတ်အလာကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အလိုတော်ပြည့်ဆရာတော်ကြီးကို  ဖူးမြော်ခဲ့ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့  ၂၀၁၅ ရွေးကောက်ပွဲအရေး ကိစ္စတွေ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့တယ်လို့ ဆရာတော်ရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ  အရှင် ကုမာရက ဒီဗွီဘီကို မိန့်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013