DVB Logo
Home
မြန်မာသတင်း
မလေးတွင် ဗီဇာအတုဖြင့် ထောင်ချခံရသူ မြန်မာများ ဒီဇင်ဘာ ၁၅ နေရပ်ပြန်မည်
DVB
·
December 13, 2014
မလေးတွင် ဗီဇာအတုဖြင့် ထောင်ချခံရသူ မြန်မာများ  ဒီဇင်ဘာ ၁၅ နေရပ်ပြန်မည်
Donate to DVB

ဗီဇာအတုကိုင်ဆောင်မှုနဲ့ ထောင်ဒဏ် ၁ နှစ်စီချမှတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၅၂ ဦးကို မလေးရှား တရားရုံးက ဒီဇင်ဘာလ ၂ ရက်နေ့မှာ လွတ်ငြိမ်းချမ်းခွင့်ပေးခဲ့ပြီးနောက် လာမယ့် ဒီဇင်ဘာလ ၁၅ ရက်နေ့ မြန်နိုင်ငံ ပြန်ကြမယ်လို့ မလေးရှား မြန်မာသံရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

[caption id="attachment_73639" align="alignright" width="325"]မလေးရှားနိုင်ငံ ကလန်း ကားဂိတ်တွင် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရစဉ် (ဓာတ်ပုံ - မလေးရှားရောက် မြန်မာများ) မလေးရှားနိုင်ငံ ကလန်း ကားဂိတ်တွင် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရစဉ် (ဓာတ်ပုံ - မလေးရှားရောက် မြန်မာများ)[/caption]

“မြန်မာ့လေကြောင်း MAI- 502 နဲ့ပြန်မှာပါ။ KL ကနေ ညနေ ၇ နာရီထွက်မှာ မြန်မာနိုင်ငံ ကို ၈ နာရီရောက်မယ်။”

ထောင်ကနေ ပြန်လွတ်က တည်းက ဒီမြန်မာနိုင်ငံသားတွေကို မလေးရှား လ၀က ထိန်းသိန်းရေးစခန်းမှာပဲ သူတို့ကို နေရာချထားပေး တယ်လို့လည်း ပြောပါတယ်။

မလေးရှားနိုင်ငံကို အလုပ်လုပ်ဖို့ သွားရောက်ခဲ့ တဲ့ မြန်မာနိုင်ငံသားတွေကို ဗီဇာအ တုနဲ့ မလေးရှား လူဝင်မှုကြည့်ကြပ်ရေးဌာနက ဖမ်းဆီးပြီး လ၀က ဥပဒေနဲ့ သြဂုတ် ၁၂ ရက်နေ့က ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။

ထောင်ဒဏ်စီရင်ခံကြရသူ မြန်မာ ၅၂ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ သံတမန်နည်းနဲ့ ချဉ်းကပ်မှုတွေရှိပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က ရန်ကုန်ကနေ မလေးကိုသွားတဲ့ လေယာဉ်ပေါ်မှာ မြန်မာအလုပ်သမား ၇၂ ဦးနဲ့ မြန်မာ အေးဂျင့် ၃ ဦးတို့ လိုက်ပါသွားပြီး မလေးရှားလေဆိပ်မှာ လ၀ကက ဖမ်းဆီးခဲ့တာပါ။

ဒီအထဲက ဗီဇာအမှန်ရှိသူ ၁၂ ဦးနဲ့ ဗီဇာတုကိုင်ထားတဲ့ ကလေးသူငယ်နဲ့ သက်ကြီးရွယ် ၈ ဦး စုစုပေါင်း ၂၀ ဦးကတော့ မြန်မာသံရုံးရဲ့ ညှိနှိုင်းပေးမှုကြောင့်  စက်တင်ဘာလဆန်းပိုင်းက  မြန်မာပြည် ပြန်ခွင့်ရခဲ့ပြီးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013