DVB Logo
Home
နိုင်ငံတကာ
လက်တင်အမေရိကအနီး အမေရိကန် ဒုံးကျည်ဖျက်သင်္ဘော တပ်ချထား
DVB
·
December 7, 2025
လက်တင်အမေရိကအနီး အမေရိကန် ဒုံးကျည်ဖျက်သင်္ဘော တပ်ချထား
Donate to DVB

အမေရိကန် ဒုံးကျည်ဖျက်သင်္ဘော USS Thomas Hudner ဟာ တောင်ပိုင်းစစ်ဌာနချုပ် လက်တင် အမေရိကအနီးရှိ ပင်လယ်ပြင်ကို လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းက ရောက်ရှိလာခဲ့ပြီး စစ်ဌာနချုပ်ရဲ့ စစ်သင်္ဘော တပ်ဖြန့်ချထားမှုမှာ ပါဝင်ခဲ့တယ်လို့ အမေရိကန် ရေတပ်အရာရှိက အတည်ပြုပါတယ်။

Thomas Hudner သင်္ဘောဟာ တနင်္လာနေ့မှာ ဖလော်ရီဒါပြည်နယ်၊ မေပို့တ်မှ စီစဉ်ထားတဲ့ တပ်ဖြန့်ချထားမှု အချိန်ဇယားအတိုင်း ထွက်ခွာသွားခဲ့ကြောင်း ရေတပ်ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါဟာ Thomas Hudner ဒုံးကျည်ဖျက်သင်္ဘောအတွက် အခုနှစ်အတွင်း တောင်ပိုင်းစစ်ဌာနချုပ် ဒုတိယမြောက် ခရီးစဉ်ဖြစ်ပါတယ်။

USS Gerald R. Ford ဆိုတဲ့ ကမ္ဘာ့အကြီးဆုံး၊ အဆင့်မြင့်ဆုံး လေယာဉ်တင်သင်္ဘောကြီးကို အဓိကဗဟိုပြု ဖွဲ့စည်းထားတဲ့ ရေတပ်တိုက်ခိုက်ရေးအုပ်စုရဲ့ တစိတ်တပိုင်းအဖြစ် ၈ လကြာ တပ်ဖြန့်ချထားပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ပြန်ရောက်လာပြီးချိန်ကတည်းက သီးခြားတပ်ဖြန့်ချထားတာ ဖြစ်ပါတယ်။

တောင်ပိုင်းစစ်ဌာနချုပ်ကို အရင်တပ်ဖြန့်ချထားမှုကို အခုနှစ် ဖေဖော်ဝါရီလမှာ ပြုလုပ်ခဲ့တာပါ။ ဒိုမီနီကန်မီဒီယာတခုရဲ့ အဆိုအရ အမေရိကန် စစ်ဘက်လေယာဉ် အများအပြားဟာ လာမဲ့ရက်တွေမှာ ဒိုမီနီကန်သမ္မတနိုင်ငံကို ရောက်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့  မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေကို ပံ့ပိုးဖို့ ရည်ရွယ်ကြောင်း ပြောကြားခဲ့ပေမဲ့ လေ့လာသုံးသပ်သူ တချို့ကတော့ အမေရိကန်ဟာ ကာရစ်ဘီယံဒေသမှာ သူ့ရဲ့စစ်ရေးတည်ရှိမှုကို စဉ်ဆက်မပြတ် အားကောင်းနေအောင် ဒိုမီနီကန်သမ္မတနိုင်ငံကို ဒေသတွင်းဗဟိုချက်အဖြစ် အသုံးပြုနေတာလို့ ပြောကြပါတယ်။

နိုဝင်ဘာ ၂၆ ရက်မှာ ဒိုမီနီကန်သမ္မတ လူးဝိစ်အာဘီနာဒယ်က သူ့နိုင်ငံဟာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို တိုက်ဖျက်ဖို့အတွက် အမေရိကန်ပြည်ထောင်စုကို ဆန်အီစီးဒရို လေတပ်စခန်းနဲ့ လာ့စ်အမေရိက(စ်)အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ ကန့်သတ်နယ်မြေတွေကို အသုံးပြုခွင့်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

သမ္မတ အာဘီနာဒယ်ဟာ အဲဒီနေ့မှာပဲ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ(ထ်) ဟဂ်ဆသ်နဲ့ တွေ့ဆုံပြီးနောက်မှာ အဲဒီအစီအမံကို ကြေညာခဲ့တာပါ။

အမေရိကန်ဟာ တောင်ပိုင်းရှေ့ဆောင်တိုက်ခိုက်မှု စစ်ဆင်ရေးဖြစ်တဲ့ “Operation Southern Spear” အတွက် ဒိုမီနီကန်သမ္မတနိုင်ငံမှာ လေယာဉ်တွေကို တပ်ဖြန့်ချထားမှာ ဖြစ်ပါတယ်။ 

နိုဝင်ဘာ ၁၃ ရက်က အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟဂ်ဆသ်ဟာ ကမ္ဘာ့အနောက်ခြမ်းမှာ ဆိုမူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးတခုကို ကြေညာခဲ့ပါတယ်။ 

ကာရစ်ဘီယံမှာ အမေရိကန်ရဲ့ စစ်ရေးတည်ဆောက်မှုဟာ ဆယ်စုနှစ် ၃ ခုကျော်အတွင်း အကြီးမားဆုံးအတိုင်းအတာကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ 

Source: USNI-US Navy

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013