DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နယ်စပ်၌ ပစ်ခတ်မှုပြန်ဖြစ် 
DVB
·
December 7, 2025
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နယ်စပ်၌ ပစ်ခတ်မှုပြန်ဖြစ် 
Donate to DVB

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့ရဲ့ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မအောင်မြင်ပြီးနောက်ပိုင်း တင်းမာမှုတွေ မြင့်တက်လာချိန်မှာ ဒီဇင်ဘာ ၅ ရက်က  နယ်စပ်မှာ ပစ်ခတ်မှုတွေ အပြင်းအထန်ပြုလုပ်ခဲ့ကြောင်း ၂ နိုင်ငံစလုံးက အရာရှိတွေက ပြောပါတယ်။ 

ပါကစ္စတန်တပ်ဖွဲ့တွေဟာ ကန်ဒါဟာပြည်နယ် စပင်န်ဘိုလ်ဒခ်ခရိုင်မှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း အာဖဂန် တာလီဘန် ပြောရေးဆိုခွင့်ရှိသူဇာဘီဟူလာ မူဂျာဟစ်ဒ်က ပြောပါတယ်။ 

ပါကစ္စတန် ဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အာဖဂန်တပ်ဖွဲ့တွေဟာ ချာမန်နယ်စပ် တလျှောက်မှာ “အကြောင်းမဲ့ပစ်ခတ်မှု”တွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး ဒီပစ်ခတ်မှုတွေမှာ ထိခိုက်သေဆုံးမှု သတင်းတွေတော့ ချက်ချင်း မတွေ့ရှိရသေးပါဘူး။

နယ်စပ်တလျှောက် ပြင်းထန်တဲ့ ပစ်ခတ်မှုတွေ ပြုလုပ်အပြီး တရက်အကြာ ဒီဇင်ဘာ ၆ ရက် စနေနေ့မှာ ပိတ်ထားတဲ့ ချာမန်နယ်စပ်ရဲ့ ပါကစ္စတန်ဘက်ခြမ်းမှာ လူဒါဇင်ပေါင်းများစွာ ပိတ်မိနေကြောင်း ၂ နိုင်ငံအရာရှိတွေက ပြောပါတယ်။ 

ဒီဇင်ဘာ ၅ ရက်နေ့နှောင်းပိုင်း သေနတ်ပစ်ခတ်မှုအပြီးမှာပဲ အာဏာပိုင်တွေဟာ နယ်စပ်ကို ပိတ်လိုက်တာလို့ နယ်စပ်ဖြတ်ကျော်ဂိတ်အနီးမှာ ပိတ်မိနေတဲ့  အာဖဂန်ဒုက္ခသည် အဗ္ဗဒူလ်အလီက ပြောပါတယ်။ 

သူ့လိုပဲ ပိတ်မိနေသူ အများအပြားရှိပြီး လူနဲ့ပစ္စည်းတွေဟာ ဂိတ်အနီးက ဂိုဒေါင်ထဲမှာ ခိုလှုံနေကြရပါတယ်။

တောင်အာရှ အိမ်နီးချင်းနိုင်ငံတွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ်တခုဟာ အောင်မြင်မှုမရှိဘဲ ပြီးဆုံးသွားပြီးနောက် တပတ်နီးပါးအကြာမှာ အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပေမဲ့လည်း နှစ်ဖက်စလုံးကတော့ သူတို့ရဲ့ ပျက်စီးလွယ်တဲ့ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြ ပါတယ်။ 

ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ဆော်ဒီအာရေဗျမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲတွေဟာ အောက်တိုဘာလမှာ နယ်စပ်ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တင်းမာမှုတွေကို လျှော့ချဖို့ ကာတာ၊ တူရကီနဲ့ ဆော်ဒီအာရေဗျတို့မှ လက်ခံကျင်းပတဲ့ အစည်းအဝေး အများအပြားထဲမှ နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ အစည်းအဝေးလည်း ဖြစ်ပါတယ်။

အငြင်းပွားမှုရဲ့ အဓိကအချက်မှာ အာဖဂန်နိုင်ငံသားတွေ ပါဝင်ပတ်သက်နေတဲ့ အသေခံဗုံးခွဲမှုတွေ အပါအဝင် ပါကစ္စတန်မှာ လတ်တလော တိုက်ခိုက်မှုတွေကို အာဖဂန်အခြေစိုက် စစ်သွေးကြွတွေက လုပ်ဆောင်ခဲ့ကြောင်း အစ္စလာမာဘတ်က ပြောကြားခဲ့ပါတယ်။

ကဘူးလ်ကလည်း ဒီစွပ်စွဲချက်ကို ငြင်းဆိုပြီး ပါကစ္စတန်နိုင်ငံအတွင်းရှိ လုံခြုံရေးအတွက် သူတို့ တာဝန်ယူနိုင်မှာ မဟုတ်ကြောင်း ပြန်ပြောပါတယ်။

အောက်တိုဘာလက ပဋိပက္ခတွေမှာ လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ တာလီဘန်တွေ အာဖဂန်နစ္စတန်မှာ အာဏာရလာပြီးနောက်ပိုင်း နယ်စပ်မှာ အဆိုးရွားဆုံး အကြမ်းဖက်မှု ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013