DVB Logo
Home
မြန်မာသတင်း
ကိုယ်ပိုင် ဂြိုဟ်တုလွှတ်တင်ရန် မြန်မာအစီအစဉ်ရှိနေ
DVB
·
December 12, 2014
ကိုယ်ပိုင် ဂြိုဟ်တုလွှတ်တင်ရန်  မြန်မာအစီအစဉ်ရှိနေ
Donate to DVB

မြန်မာနိုင်ငံအနေနဲ့  ၅ နှစ်အတွင်း ကိုယ်ပိုင် ဂြိုဟ်တုပိုင်ဆိုင်ဖို့ အစီအစဉ်ရှိတယ်လို့ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်၊ နည်းပညာဝန်ကြီးဌာန  ပြည်ထောင်စု ဒုဝန်ကြီး ဦးသောင်းတင်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Satellite Today သတင်း ၀က်ဆိုက်မှာ ဖော်ပြပါတယ်။

မြန်မာအစိုးရဟာ  နိုင်ငံရဲ့ ပထမဆုံး   ဂြိုဟ်တု အာကာသထဲ လွှတ်တင်မယ့် အစီအစဉ်တခုကို ချပြလိုက်တာလို့ သတင်းက ဆိုပါတယ်။

MyanmarSatelliteForum14DepMinisterKeynoteဒုဝန်ကြီး ဦးသောင်းတင်က “အမျိုးသားရေးဦးစားပေးလုပ်ငန်းအဖြစ် မြန်မာနိုင်ငံအတွက် ကိုယ်ပိုင် ဂြိုဟ်တုရှိဖို့ကလည်း အရေးကြီးပါတယ်။ ဈေးကွက်ဖွင့်လှစ်ခြင်းအားဖြင့် ၀န်ကြီးဌာန အနေနဲ့ အိုင်စီတီ သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာ နယ်ပယ်ကို ဖွံ့ဖြိုးတိုးတက်အောင် တိုးမြှင့်ဆောင်ရွက်သွားမယ်’လို့  ပြောပါတယ်။

ဂြိုဟ်တုလွှတ်တင်ဖို့အတွက် အချိန်ဇယားသတ်မှတ်ချက်မရှိပေမယ့် ရွေးချယ်ဖို့ လုပ်ငန်းစဉ်ကတော့ နိုင်ငံတကာကို မိုဘိုင်းဆက်သွယ်ရေး လုပ်ကိုင်ခွင့်လိုင်စင် ချပေးခဲ့တဲ့ ပုံမျိုးလိုက်လုပ်ပြီး  လွတ်လပ်မျှတ၊ ပွင့်လင်းမြင်သာစွာနဲ့ အများပြည်သူနဲ့တိုင်ပင်ညှိနှိုင်း တင်ဒါခေါ်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

၏မြန်မာနိုင်ငံအနေနဲ့  ပြည်သူတွေအကြား တယ်လီဖုန်းသုံးစွဲမှု သိပ်သည်းဆ ပမာဏ (Teledensity) ကိုလည်း ၂၀၁၄ ခုနှစ်မှာ ၂၀ ရာခိုင်နှုန်း ၊ ၂၀၁၅ - ၂၀၁၆ ခုနှစ်မှာ ၇၅ ရာခိုင်နှုန်းထိ တိုးတက်အောင် လုပ်ဆောင်ဖို့ ရည်မှန်းထားတယ်လို့ လည်းဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013