DVB Logo
Home
မြန်မာသတင်း
ကမ္ဘာတွင် မြန်မာက အစားအစာငတ်မွတ်မှု အဆိုးရွားဆုံး နိုင်ငံတနိုင်ငံဖြစ်လာ 
DVB
·
December 6, 2025
ကမ္ဘာတွင် မြန်မာက အစားအစာငတ်မွတ်မှု အဆိုးရွားဆုံး နိုင်ငံတနိုင်ငံဖြစ်လာ 
Donate to DVB

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အစားအစာငတ်မွတ်မှုဒုက္ခကို ပဉ္စမြောက် အဆိုးရွားဆုံး ခံစားနေရတဲ့နိုင်ငံ ဖြစ်လာနေပြီလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)  ထုတ်ပြန်ချက်အရ သိရပါတယ်။

WFP က နောက်ဆုံးထုတ်ပြန်ထားတဲ့ 'Hunger Hotspots' အစီရင်ခံစာအရ နိုင်ဂျီးရီးယား၊ ကွန်ဂို၊ ဆူဒန်၊ ယီမင် တို့ပြီးရင် မြန်မာနိုင်ငံဟာ ပဉ္စမြောက် အစားအစာငတ်မွတ်မှု အဆိုးရွားဆုံး ခံရတဲ့ နိုင်ငံဖြစ်နေပြီး အာဖဂန်နစ္စတန်၊ ဆီးရီးယားနဲ့ တောင်ဆူဒန်တို့ထက်တောင် ဝမ်းရေးဒုက္ခကြုံနေရတဲ့ လူဦးရေ ပိုများနေတာလည်း ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း လူဦးရေ စုစုပေါင်းရဲ့ ၂၂ ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေ ၁၁ ဒသမ ၈ သန်းလောက်ဟာ စားနပ်ရိက္ခာ မလုံခြုံမှုကို ရင်ဆိုင်ခဲ့ရပြီး ဒီလူဦးရေထဲက ၁ သန်းကတော့ အရေးပေါ်အခြေအနေမှာ ရှိနေတယ်လို့ အစီအရင်ခံစာမှာ ပါရှိပါတယ်။ 

ဒါ့အပြင် ၂၀၂၅ ခုနှစ် ဇွန်လကနေ ၂၀၂၆ ခုနှစ် မေလအတွင်း အသက် ၅ နှစ်အောက် ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင် ၄၁၀,၀၀၀ လောက် ကလည်း ပြင်းထန်တဲ့ အာဟာရချို့တဲ့မှုကို ရင်ဆိုင်ရမယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

အထူးသဖြင့် ရခိုင်ပြည်နယ်‌မြောက်ပိုင်းမှာ အရေးပေါ် စားနပ်ရိက္ခာ မလုံခြုံမှု အခြေအနေ မြင့်မားနေမှာ ဖြစ်သလို အာဟာရ ချို့တဲ့မှုတွေ ဆိုးရွားနိုင်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရဲ့ အာဟာရအခြေအနေဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၆ ခုနှစ် မေလအတွင်း မောင်တောမြို့နယ်ဟာ အရေးပေါ်အဆင့် ၄ အခြေအနေအထိ မြန်မြန် ယိုယွင်းလာမယ်လို့ ခန့်မှန်းရပြီး ဘူးသီးတောင်မြို့နယ်ကတော့ ကပ်ဘေးဆိုက်ရောက်တဲ့ အဆင့် ၅ အထိ ရောက်ရှိနိုင်တယ်လို့လည်း WFP က ခန့်မှန်းထားပါတယ်။

ရန်ပုံငွေလိုအပ်ချက်အဖြစ် WFP က ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်နဲ့ တုံ့ပြန်မှု အစီအစဉ် (HNRP) ဟာ စားနပ်ရိက္ခာ လုံခြုံရေးဆိုင်ရာ လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၃၀၆ သန်းနဲ့ အာဟာရဆိုင်ရာ လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၆၈ သန်း လိုအပ်တယ်လို့ လည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013