DVB Logo
Home
မြန်မာသတင်း
၂၀၁၄ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု အမည်စာရင်းပေးသွင်းရန် ဖိတ်ခေါ်
DVB
·
December 12, 2014
၂၀၁၄ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု အမည်စာရင်းပေးသွင်းရန် ဖိတ်ခေါ်
Donate to DVB

ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ အထွေထွေအတွင်းရေးမှုး ပဒိုမန်းရှာကို အမှတ်ရတဲ့အနေနဲ့ သူ့ရဲ့သားသမီးတွေက ထူထောင်ထားတဲ့ ဖန်းဖောင်ဒေးရှင်းကနေပြီး ၂၀၁၄ အတွက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုရှင် အမည်စာရင်း တင်သွင်းဖို့ ဖိတ်ခေါ် လိုက်ပါတယ်။

[caption id="attachment_73619" align="alignright" width="345"]၂၀၁၃ ဆုရှင်  နော်ကညောဖော ၂၀၁၃ ဆုရှင် နော်ကညောဖော[/caption]

ဒီဇင်ဘာလ ၁၁ ရက်နေ့က ဖန်းဖောင်ဒေးရှင်းဝက်ဘ် ဆိုက်စာမျက်နှာမှာ အမည်စာ ရင်း ပေးသွင်းဖို့ ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။

ဒီဆုဟာ ကရင်လူမှုအဖွဲ့အစည်းအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး  အသက် ၃၅နှစ် ထက်မကျော်သေးတဲ့ ကရင်လူငယ်တွေကို အဆိုတင်သွင်းနိုင်ပြီး မည်သည့် နိုင်ငံမှာနေ ထိုင်သည်ဖြစ်စေ အဆိုတင်သွင်းနိုင်တယ်လို့  ဖန်းဖောင်ဒေးရှင်း ရဲ့ ကြေ ညာချက် မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင်  ဆုရရှိထိုက်သူမှာ ကရင်လူမှုအဖွဲ့အစည်းအတွက် လူ့အခွင့်အရေးမြှင့် တင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး နဲ့ ကရင့်ရိုးရာယဉ်ကျေးမှုလုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ လုပ်ကိုင်ဆာင်ရွက်နေတဲ့ မည်သည့်ကရင်လူငယ်တဦးဦးကိုမဆို အမည်စာရင်း တင်သွင်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဆုရရှိသူဟာ အမေရိကန်ဒေါ်လာ ၂၀၀၀ ရရှိမှာဖြစ်ပြီး ဆုရမယ့် ဆုရှင်ကိုတော့ ၂၀၁၅ နှစ်ဆန်းပိုင်း ကြေညာသွားဖို့ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခု ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကိုတော့ ကရင်အမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး နော်ကညောဖောက ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013