DVB Logo
Home
နိုင်ငံတကာ
နယ်ချဲ့ရန်မစဉ်းစားဘဲ စီးပွားရေး အာရုံစိုက်ရန် တရုတ်ကို ထိုင်ဝမ်သမ္မတ တိုက်တွန်း
DVB
·
December 4, 2025
နယ်ချဲ့ရန်မစဉ်းစားဘဲ စီးပွားရေး အာရုံစိုက်ရန် တရုတ်ကို ထိုင်ဝမ်သမ္မတ တိုက်တွန်း
Donate to DVB

တရုတ်စီးပွားရေး ရုန်းကန်နေရချိန်မှာ သမ္မတရှီကျင့်ဖျင် အနေနဲ့ နယ်ချဲ့ဖို့ပဲ စဉ်းစားမနေဘဲ ပြည်သူတွေရဲ့ လူမှုဘဝတွေ မြှင့်တင်ဖို့ပဲ အာရုံစိုက်ဖို့ မျှော်လင့်ကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က နယူးယောက်တိုင်းမ် သတင်းစာနဲ့ အင်တာဗျူးမှာ တိုက်တွန်း ပြောပါတယ်။

ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို တရုတ်က သူ့ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး ပေါင်းစည်းနိုင်ဖို့ စစ်ရေးအရရော၊ နိုင်ငံရေးအရပါ ဖိအားပေးနေပါတယ်။

ထိုင်ဝမ်စီးပွားရေးဟာ ဒီနှစ်ထဲမှာ ၇ ဒသမ ၃၇ ရာခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်းထားပြီး တရုတ်စီးပွားရေးကတော့ ၄ ရာခိုင်နှုန်းထက် နည်းနည်းလေးပဲ ပိုတိုးမယ်လို့ ခန့်မှန်းထားကြောင်း လိုင်က ထောက်ပြပါတယ်။

လိုင်ချင်းတယ်က “တရုတ်စီးပွားရေးက တကယ်တမ်း ရုန်းကန်နေရတာပါ။ တရုတ်ဟာ စီးပွားရေးဖိအားတွေနဲ့ ရင်ဆိုင်နေရချိန်မှာ သမ္မတ ရှီကျင့်ဖျင်က နယ်ချဲ့ဖို့အာရုံမစိုက်ဘဲ တရုတ်ပြည်သူတွေရဲ့ လူမှုဘဝတွေ မြှင့်တင်ပေးဖို့ပဲ အာရုံစိုက်မယ်လို့ ကျနော်တို့ ရိုးရိုးသားသား မျှော်လင့်ပါတယ်” လို့ ကြားခဲ့ပါတယ်။

ဒီစီးပွားရေးစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ထိုင်ဝမ်ကလည်း ကူညီ၊ ပူးပေါင်း ဆောင်ရွက်ပေးဖို့ ဆန္ဒရှိတယ်လို့လည်း သမ္မတ လိုင်ချင်းတယ်က နယူးယောက်တိုင်းမ် သတင်းစာရဲ့ DealBook Summit အင်တာဗျူးအစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013