DVB Logo
Home
အားကစား
အာဆင်နယ်အသင်း ဘရန့်ဖို့ဒ်ကို အနိုင်ယူပြီး အမှတ်ပေးဇယားကို ၅ မှတ်ဖြတ် ဦးဆောင်
DVB
·
December 4, 2025
အာဆင်နယ်အသင်း ဘရန့်ဖို့ဒ်ကို အနိုင်ယူပြီး အမှတ်ပေးဇယားကို ၅ မှတ်ဖြတ် ဦးဆောင်
Donate to DVB

ဘရန့်ဖို့ဒ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဒုတိယနေရာက မန်စီးတီးကို ၅ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ဆာကာ၊ အက်ဇေးနဲ့ တင်းဘားတို့ကို အရန်ခုံမှာထားခဲ့တဲ့ အာဆင်နယ်ဟာ ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့ အသင်းခေါင်းဆောင် အိုဒီဂတ်နဲ့အတူ မာဒူအက်ကေ၊ ဘန်ဝှိုက်တို့ကို ပွဲထွက်ကစားစေခဲ့တာပါ။

ပွဲအစ ၁၁ မိနစ်မှာပဲ မယ်ရီနိုက ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပြီး ဒုတိယပိုင်းပြီးခါနီးမှာ လူစားဝင်ကစားသမား ဆာကာက ဒုတိယအနိုင်ဂိုး သွင်းယူခဲ့တာပါ။

တခြားပွဲစဉ်တွေမှာ ချဲလ်ဆီးအသင်းက လိဒ်ယူနိုက်တက်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး အဆင့် ၄ နေရာ ကျဆင်းသွားပြီး လီဗာပူးအသင်းကလည်း ဆန်းဒါးလန်းနဲ့ အိမ်ကွင်းမှာ တဂိုးစီ သရေကျခဲ့ပါတယ်။

ဘရိုက်တန်ကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အက်စ်တန်ဗီလာက အဆင့် ၃ နေရာ တက်လှမ်းလာခဲ့ပြီး အဆင့် ၂ က မန်စီးတီးနဲ့ တမှတ်သာ ကွာဟတော့တာပါ။

ဦးဆောင်သူ အာဆင်နယ်ဟာ လာမဲ့ ဒီဇင်ဘာ ၆ ရက်မှာ အဆင့် ၃ နေရာက ဗီလာနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013