DVB Logo
Home
မြန်မာသတင်း
၂၀၂၀ တွင် လက်နက်ကိုင်ပဋိပက္ခအားလုံး အဆုံးသတ်ရန် မြန်မာသမ္မတမျှော်မှန်း
DVB
·
December 12, 2014
၂၀၂၀ တွင် လက်နက်ကိုင်ပဋိပက္ခအားလုံး အဆုံးသတ်ရန်  မြန်မာသမ္မတမျှော်မှန်း
Donate to DVB

မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်ကျရင် လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ပြီး ရေရှည် ငြိမ်းချမ်းရေးကို တည်ဆောက်ပြီး ဖြစ်ဖို့ မျှော်မှန်းထားတယ်လို့  တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါ တယ်။

[caption id="attachment_73587" align="alignright" width="347"]ဒီပလိုမေစီမဂ္ဂဇင်းက သမ္မတ ဦးသိန်းစိန်ကို တွေ့ဆုံမေးမြန်းစဉ် ဒီပလိုမေစီမဂ္ဂဇင်းက သမ္မတ ဦးသိန်းစိန်ကို တွေ့ဆုံမေးမြန်းစဉ်[/caption]

တောင်ကိုရီးယားနိုင်ငံက သြဇာအရှိန်အ၀ါရှိတဲ့ ဒီပလိုမေစီ(Diplomacy) မဂ္ဂဇင်းက  မြန်မာနိုင်ငံရဲ့ ၂၀၂၀ မျှော်မှန်းချက်နဲ့ ပတ်သက်ပြီး ဘူဆန်မြို့မှာ သီးသန့် တွေ့ဆုံမေးမြန်းရာမှာ သမ္မတက ဖြေကြားသွား တာပါ။

သမ္မတဦးသိန်းစိန်က ၂၀၂၀ ပြည့်နှစ် တွင် မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခများ အားလုံး အဆုံးသတ်ပြီး ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို တည်ဆောက်ပြီးဖြစ်ရန်၊ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံ(အယ်လ်ဒီစီ)မှ ရုန်းထွက်ပြီးဖြစ်ရန်၊ မြန်မာနိုင်ငံကို အလယ် အလတ်ဝင်ငွေ ရှိသည့်နိုင်ငံအဆင့်သို့ ရောက်ရှိစေရန် မျှော်မှန်းထားတယ်လို့ ပြောတဲ့ အကြောင်း ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဒီမျှော်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် လိုအပ်တဲ့ ပြုပြင်ပြောင်း လဲမှုတွေ၊ အခြေခံကောင်းတွေ တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း သမ္မတက  ပြောပါတယ်။

မြန်မာသမ္မတဟာ  အာဆီယံ- ကိုရီးယား ထိပ်သီးအစည်းအဝေးပွဲတက်ရောက်ဖို့ တောင်ကိုရီးယားနိုင်ငံမှာရောက်ရှိနေတာဖြစ်ပြီး တောင်ကိုရီးယား သမ္မတနဲ့လည်း သီးခြားတွေ့ဆုံကာ စိုက်ပျိုးမွေးမြူရေး၊ စက်မှုနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး စတာတွေ ပူးပေါင်းလုပ်ဆောင်ဖို့နဲ့ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် ၄၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပဖို့ ဆွေးနွေးခဲ့ကြပါတယ်။

သမ္မတရဲ့ ခရီးစဉ်အတွင်းမှာ တောင်ကိုရီးယား PUKYONG တက္ကသိုလ်က မြန်မာသမ္မတကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013