DVB Logo
Home
နိုင်ငံတကာ
တရုတ်နိုင်ငံတွင် ကွန်ဒုံးများကို ပထမဆုံးအကြိမ် အခွန်ကောက်မည်
DVB
·
December 3, 2025
တရုတ်နိုင်ငံတွင် ကွန်ဒုံးများကို ပထမဆုံးအကြိမ် အခွန်ကောက်မည်
Donate to DVB

တရုတ်နိုင်ငံမှာ ကလေးမွေးသေနှုန်း ပြဿနာ ပိုပြီးနက်ရှိုင်းလာတာကြောင့် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ကွန်ဒုံးတွေကို အခွန်ကောက်ခံမှာ ဖြစ်ပါတယ်။

ကွန်ဒုံးတွေအပေါ် အခွန်ကင်းလွတ်ခွင့် ပယ်ဖျက်တာက တရုတ်နိုင်ငံက စိုးရိမ်နေတဲ့ အသက်အရွယ် ကြီးရင့်မှု၊ အလုပ်သမား ရှားပါးလာမှုနဲ့ ရေရှည်ဖွံ့ဖြိုးမှု နှေးကွေးလာခြင်းကြောင့် ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာက အတည်ပြုခဲ့တဲ့ ဥပဒေအရ စိုက်ပျိုးရေး၊ ဆေးကုသမှုနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စတွေအတွက် အခွန်သတ်မှတ်ခဲ့ပေမဲ့ မွေးဖွားနှုန်းကို ထိန်းချုပ်ပေးတဲ့ ကွန်ဒုံးတွေအပေါ် အခွန်ကောက်ခံမှုတော့ မပါဝင်ဘူးလို့ Euro News က ဖော်ပြပါတယ်။

တရုတ်နိုင်ငံမှာ မိသားစု ဥပဒေတွေ တင်းတင်းကျပ်ကျပ် ပြဋ္ဌာန်းခဲ့ပြီးနောက် ကွန်ဒုံးတွေကို အခွန် ၁၃ ရာခိုင်နှုန်း ကောက်ခံမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ လူဦးရေတိုးတက်မှု များပြားလာတာကို ထိန်းချုပ်ဖို့ ကွန်ဒုံးတွေကို အခွန်ကင်းလွတ်ခွင့် ပေးခဲ့တာဖြစ်ပြီး မူဝါဒတွေ ပြန်လည်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ လူဦးရေများပြားမှုကြောင့် ၁၉၇၉ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ တအိမ်ထောင် ကလေးတယောက်သာ ယူရတဲ့စနစ်ကို အလျင်အမြန် အကောင်အထည်ဖော်ခဲ့တာကြောင့် ဆယ်စုနှစ်များစွာ ကလေးမွေးနှုန်း တဖြည်းဖြည်း ကျဆင်းလာပါတယ်။

၂၀၂၄ ခုနှစ်မှာ လူ ၁,၀၀၀ မှာ ကလေးမွေးဖွားနှုန်း ၆ ဒသမ ၇၇ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ ကလေးမွေးနှုန်း လျှော့ချလိုက်တာက အလုပ်အကိုင်၊ အသက်အရွယ်အိုမင်းမှု မြန်လာတာနဲ့ ကျား၊ မ မညီမျှမှုတွေ ဖြစ်လာပါတယ်။

တရုတ်နိုင်ငံဟာ ယောကျ်ားလေး မွေးဖွားဖို့ကိုပဲ ပိုပြီး လိုချင်ကြတာကြောင့် မိန်းကလေး မွေးဖွားရင် စွန့်ပစ်တာနဲ့ သတ်ပစ်တာမျိုးတွေ ပြုလုပ်တယ်လို့လည်း ဖော်ပြပါတယ်။

တရုတ်နိုင်ငံဟာ ကလေးတယောက်ကို အသက် ၁၈ နှစ်အထိ ပြုစုပျိုးထောင်ပါက ၆၅,၄၈၄ ယူရို ကုန်ကျမှာဖြစ်လို့ မိဘတွေအတွက် ကုန်ကျစရိတ်အများဆုံး နိုင်ငံထဲမှာ တရုတ် ပါဝင်တယ်လို့ YuWa လူဦးရေလေ့လာရေးအင်စတီကျုက ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013