DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ် နှလုံးသွေးကြောကျန်းမာရေး အလွန်ကောင်းမွန်ဟု ဆေးစစ်မှတ်တမ်းထုတ်ပြန်
DVB
·
December 2, 2025
ထရမ့်ပ် နှလုံးသွေးကြောကျန်းမာရေး အလွန်ကောင်းမွန်ဟု ဆေးစစ်မှတ်တမ်းထုတ်ပြန်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ နှလုံးသွေးကြောကျန်းမာရေးဟာ အကောင်းဆုံး အခြေအနေမှာ ရှိနေတယ်လို့ သံလိုက်ဓာတ်မှန် (MRI) စစ်ဆေးချက်ကို အခြေခံပြီး သမ္မတရဲ့ဆရာဝန်က ဒီဇင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ 

လာမဲ့နှစ် ဇွန်လမှာ အသက် ၈၀ ပြည့်မယ့် သမ္မတထရမ့်ပ်ဟာ အောက်တိုဘာ ၁၀ ရက်နေ့တုန်းက ကြိုတင်အသိပေးခြင်းမရှိဘဲ ဆေးရုံသွားရောက်ခဲ့တာကြောင့် သူ့ရဲ့ကျန်းမာရေးအပေါ် ခန့်မှန်းပြောဆိုမှုတွေ ထွက်ပေါ်ခဲ့တာပါ။ 

သမ္မတရဲ့ ဆရာဝန် ရှောင် ဘာဘက်ဘယ်လာ ကတော့ ဒီလိုစစ်ဆေးတာဟာ ကြိုတင်ကာကွယ်မှုသက်သက်သာဖြစ်ပြီး ရေရှည်ကျန်းမာရေးကောင်းမွန်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ 

စစ်ဆေးချက်အရ သွေးလွှတ်ကြောကျဉ်းတာ၊ သွေးခဲတာမျိုး လုံးဝမရှိဘဲ နှလုံးသွေးကြောစနစ်သာမက အဓိက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ အားလုံး ကျန်းမာနေတယ်လို့ ဆရာဝန်က အတည်ပြုထားပါတယ်။ 

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လဲဗစ် ကလည်း သမ္မတရဲ့ ဝမ်းဗိုက်ပိုင်းဆိုင်ရာ ဓာတ်မှန်ရလဒ်တွေပါ ပုံမှန်ရှိပြီး ကျန်းမာရေးအလွန်ကောင်းမွန်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ထပ်ဆင့်ပြောကြားခဲ့ပါတယ်။ 

မကြာသေးမီက သမ္မတရဲ့ ညာဘက်လက်မှာ တွေ့ရတဲ့ ဒဏ်ရာတွေဟာ နှလုံးကျန်းမာရေးအတွက် သောက်သုံးနေရတဲ့ အက်စ်ပရင် ဆေးကြောင့်ဖြစ်တယ်လို့ အိမ်ဖြူတော်က ရှင်းလင်းထားပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ နွေရာသီတုန်းကလည်း ခြေထောက်ရောင်ရမ်းမှုအတွက် ဆေးစစ်ခဲ့ရာမှာ သွေးပြန်ကြောဆိုင်ရာ နာတာရှည်ရောဂါအခြေအနေ (chronic venous insufficiency) ရှိတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ဖူးပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013