DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့အသက်ကြီးဆုံး ဂေါ်ရီလာ မျောက်ဝံမကြီး ၆၉ နှစ်ပြည့်
DVB
·
April 15, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ကမ္ဘာ့အသက်အကြီးဆုံး ဂေါ်ရီလာမျောက်ဝံကြီး ဖာတူရဲ့ အသက် ၆၉ နှစ် ပြည့်မွေးနေ့ပွဲကို ဧပြီ ၁၃ ရက်က ဂျာမနီနိုင်ငံ၊ ဘာလင်တိရစ္ဆာန်ရုံမှာ ကျင်းပခဲ့ပါတယ်။

လူတွေလိုပဲ ဖာတူဟာလည်း အသက်အရွယ်ကြီးရင့်လာတဲ့ ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။

သူ့မှာ သွားမရှိတော့တဲ့အတွက် အစားအစာတွေကို ဝါးရလွယ်ကူအောင် အထူးစီစဉ်ပေးထားရပါတယ်။ ပြုတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေက သူ့ရဲ့ အဓိက အစားအစာဖြစ်ပြီး ကျန်တာတွေကတော့ အလှဆင်ထားတာပါ။ 

အရိုးအဆစ်ရောင်ရောဂါကြောင့် သွားလာလှုပ်ရှားဖို့ ခက်ခဲတဲ့ ဖာတူကို အေးအေးဆေးဆေး နေနိုင်အောင် သီးသန့်ခြံနဲ့ ထားရှိပါတယ်။  

တိရစ္ဆာန်ရုံစောင့်ရှောက်သူ လန်းနာ့ဒ်ဂေါ်ဒီးယန်းကတော့ ဖာတူဟာ အသက်အရွယ်နဲ့မလိုက်အောင် ကျန်းမာရေးကောင်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ဖာတူဟာ ကမ္ဘာ့အသက်အကြီးဆုံး မြေပြန့်ဒေသ ဂေါ်ရီလာ အဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန် တင်ထားပါတယ်။ တောရိုင်းထဲက ဂေါ်ရီလာတွေဟာ အသက် ၃၀ ကနေ ၃၅ နှစ်အထိပဲ သက်တမ်းရှိလေ့ရှိပါတယ်။

Source: Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013