DVB Logo
Home
မြန်မာသတင်း
ကရင်နီတွင် ၅ နှစ်အတွင်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းကြောင့် ပြည်သူ ၈၃၀ ကျော် သေဆုံး
DVB
·
December 1, 2025
ကရင်နီတွင် ၅ နှစ်အတွင်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းကြောင့် ပြည်သူ ၈၃၀ ကျော် သေဆုံး
Donate to DVB

ကရင်နီပြည်နဲ့ ကယန်းဒေသမှာ စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်တာကာလအတွင်း အရပ်သားနဲ့ စစ်ဘေးရှောင်ပြည်သူ ၈၃၀ ကျော် သေဆုံးခဲ့ရတယ်လို့ တိုးတက်​သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

PKPF ပြန်ကြားရေး တာဝန်ရှိသူက “ဖယ်ခုံ၊ ဒီးမော့ဆိုနဲ့ ဖားဆောင်းဘက်က သူတွေ သေဆုံးတာတွေ ဖြစ်ပါတယ်။ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေကြောင့် သေဆုံးရတာပါ” လို့ ပြောပါတယ်။

၂၀၂၁ ကနေ ၂၀၂၅ ခု နိုဝင်ဘာ ၃၀ ရက်အထိ အရပ်သားနဲ့ စစ်ရှောင် ၈၃၃ ယောက်အထိ သေဆုံးခဲ့ရပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ တလတာအတွင်း ပြည်သူ ၁၂ ယောက် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

မြေပြင်ရဲဘော်တယောက်က “လေယာဥ်နဲ့ကြဲတာ ရှိတယ်၊ နောက် ဒရုန်းနဲ့ကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်လို့ သေတဲ့ဟာတွေရှိတယ်” လို့ ပြောပါတယ်။

၅ နှစ်တာကာလအတွင်း မတရားဖမ်းဆီးခံရသူ အယောက် ၁၆၀၊ နေအိမ်ပေါင်း ၃၂၁၉ လုံး၊ ဘာသာရေးအဆောက်အအုံ ၆၁ ခု၊ စာသင်ကျောင်း ၃၀ နဲ့ ဆေးရုံ ဆေးခန်း ၁၉ ခု ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်​​ပြန်ထားပါတယ်။

လေကြောင်းကနေ တိုက်ခိုက်မှုပေါင်း ၂၁၁၁ ကြိမ် ပြုလုပ်ခဲ့ပြီး တိုက်ပွဲပေါင်း ၁၄၈၂ ကြိမ် ဖြစ်ပွားကာ ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတာတွေ ပိုမိုပြုလုပ်လာသလို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကိုလည်း ဆက်တိုက်ပြုလုပ်နေတာပါ။

လက်ရှိမှာလည်း ကရင်နီပြည်နယ်ထဲကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ မြေပြင်သတင်းရင်းမြစ်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013