DVB Logo
Home
အားကစား
မြန်မာယူ -၁၇ အသင်း အာရှဖလား ခြေစစ်ပွဲအောင်မြင်
DVB
·
November 30, 2025
မြန်မာယူ -၁၇ အသင်း အာရှဖလား ခြေစစ်ပွဲအောင်မြင်
Donate to DVB

ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ နိုဝင်ဘာ ၃၀ ရက် ဒီနေ့ညနေ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှာ မြန်မာလူငယ်အသင်းက ဆီးရီးယားလူငယ်အသင်းနဲ့ တဖက် ၂ ဂိုးစီသရေကျပြီး ၁၉ နှစ်အတွင်းပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်သွားပါတယ်။

မြန်မာလူငယ်အသင်းအတွက် အဖွင့်ဂိုးကိုတော့ ပထမပိုင်း ပွဲချိန် ၁၀ မိနစ်မှာပဲ အံ့ထူးပိုင်ကန်တင်ပေးတဲ့ ဘောလုံးကို ရှေ့တန်းကစားသမား ညီညီသန့်က ခေါင်းတိုက် သွင်းယူပေးခဲ့ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာတော့ ဆီးရီးယားအသင်းက အာမက် အယ်လ်ဖာရာချ် ချေပဂိုးသွင်းယူပေးခဲ့လို့ သရေကျနေခဲ့ပြီး ပွဲချိန် ၃၄ မိနစ်မှာတော့ မြန်မာအလယ်တန်းလူ အံ့ထူးပိုင်က ကန်သွင်းယူခဲ့လို့ မြန်မာအသင်း ဦးဆောင်ဂိုး ထပ်ရပြီး ပထမပိုင်းအပြီးမှာ မြန်မာအသင်းက  (၂-၁) ဂိုးနဲ့ အနိုင်ရနေပါတယ်။

ဒုတိယပိုင်းမှာတော့  ဆီးရီးယားအသင်းက ချေပဂိုးပြန်ရဖို့အတွက် ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ မြန်မာအသင်းဘက်ကို ဆက်တိုက် ဖိအားပေးတိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲပြီးခါနီး ၈၅ မိနစ်မှာ  ဆီးရီးယားအသင်းက လူစားဝင်ကစားသမား အယ်လ်ဖာရှတာကီက  ချေပဂိုးသွင်းယူနိုင်ခဲ့လို့  တဖက် ၂ ဂိုးစီသရေကျသွားခဲ့ပါတယ်။ 

မြန်မာအသင်းဟာ အုပ်စု G မှာ အာဖဂန်နစ္စတန်ကို ၃ ဂိုး ၁ ဂိုး၊ နီပေါကို ၄ ဂိုး ဂိုးမရှိ၊ အိုမန်ကို ၂ ဂိုး ဂိုးမရှိ၊ ဆီးရီးယားနဲ့  ၂ ဂိုးစီ သရေရလဒ်တွေနဲ့ ၄ ပွဲကစား ၃ ပွဲနိုင် ၁ ပွဲသရေ ရမှတ် ၁၀ မှတ်နဲ့ ခြေစစ်ပွဲအောင်မြင်သွားတာ ဖြစ်ပါတယ်၊၊ 

အာရှယူ-၁၇ ပြိုင်ပွဲမှာသမိုင်းမှာ မြန်မာလူငယ်အသင်းက ၂၀၀၀ ပြည့်နှစ်၊ ၂၀၀၂ ခုနှစ်၊ ၂၀၀၆ ခုနှစ် ပြိုင်ပွဲတွေမှာ ခြေစစ်ပွဲအောင်မြင်ခဲ့ဖူးပါတယ်။ 

အခုနှစ်မှာခြေစစ်ပွဲ အောင်မြင်ခဲ့တာဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ခြေစစ်ပွဲ အောင်မြင်မှုဖြစ်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲကို အသင်း ၁၆ သင်းနဲ့ ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013