DVB Logo
Home
နိုင်ငံတကာ
Software Update လုပ်ရန် ကမ္ဘာတဝန်း Airbus လေယာဉ် ထောင်ချီ ပျံသန်းမှု ရပ်နားရမည်
DVB
·
November 30, 2025
Software Update လုပ်ရန် ကမ္ဘာတဝန်း Airbus လေယာဉ် ထောင်ချီ ပျံသန်းမှု ရပ်နားရမည်
Donate to DVB

ဥရောပရဲ့ Airbus လေယာဉ်ကုမ္ပဏီက A320 အမျိုးအစားလေယာဉ်တွေရဲ့ ဆော့ဝဲလ်ချက်ချင်း ပြောင်းလဲဖို့ ပြန်လည်ခေါ်ယူမှုလုပ်ဆောင်ခဲ့ပါတယ်။ 

A320 အမျိုးအစားလေယာဉ်တွေဟာ Airbus က ထုတ်လုပ်တဲ့ ရောင်းအားအကောင်းဆုံး လေယာဉ်အမျိုးအစားတွေ ဖြစ်ပြီး ကမ္ဘာတဝန်း အစင်းရေ ၆၀၀၀ ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

A320 လေယာဉ်တစင်းရဲ့ ဆိုလာရောင်ခြည် ဖြာထွက်ခြင်းကြောင့် ပျံသန်းချိန်မှာ ဒေတာများ ထိခိုက်စေနိုင်ကြောင်း တွေ့ရှိခဲ့ပြီး အခုလို ဆော့ဝဲလ်ပြောင်းလဲဖို့ ပြုလုပ်ခဲ့တာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ 

အောက်တိုဘာ ၃၀ ရက်က မက္ကဆီကိုကနေ နယူးဂျာဆီပြည်နယ်ကို ပျံသန်းတဲ့ လေယာဉ်မှာ ထိန်းချုပ်မှုပြဿနာ ဖြစ်ခဲ့တာကြောင့် ဖလော်ရီဒါပြည်နယ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

အဲဒီတုန်းက အရေးပေါ်ဆင်းသက်ချိန်မှာ ခရီးသည် ၁၅ ယောက် ဒဏ်ရာရခဲ့ဖူးပါတယ်။ လေယာဉ် ရာနဲ့ချီပြီး Hardware ပြောင်းလဲမှုလည်း ပြုလုပ်ရမှာဖြစ်တာကြောင့် ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်မယ်လို့လည်း ဆိုပါတယ်။ 

Airbus A320 လေယာဉ်တွေ ပြင်ဆင်ဖို့ ပြန်လည်ခေါ်ယူခဲ့မှု ဖြစ်ပွားခဲ့ပြီးနောက် ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ANA လေကြောင်းလိုင်းဟာ လေယာဉ် ခရီးစဉ် ၆၅ ခုအထိ ပယ်ဖျက်ခဲ့ရပါတယ်။

Airbus လေယာဉ်တွေဟာ တရုတ်နဲ့ အိန္ဒိယမှာလည်း အသုံးပြုမှုများတဲ့ လေယာဉ်အမျိုးအစား ဖြစ်ပြီး အမေရိကန်နိုင်ငံမှာလည်း ကျေးဇူးတော်နေ့ကာလ ရောက်ရှိနေပြီး ခရီးသွားမှုအများဆုံး ကာလမှာ Airbus လေယာဉ်သုံးပြုတဲ့ ခရီးစဉ်တွေ ရပ်ဆိုင်းထားရမှာ ဖြစ်ပါတယ်။

အမေရိကန်လေကြောင်းလိုင်းရဲ့ လေယာဉ် ၃၄၀ ပါဝင်ပြီး ဩစတြေးလျ လေကြောင်းလိုင်းတခု ကလည်း ခရီးစဉ် ၉၀ ကျော် ရပ်ဆိုင်းခဲ့ရပါတယ်။ ကမ္ဘာတဝန်းလုံးမှာ ပြန်လည်ပြင်ဆင်ရမယ့် လေယာဉ် ၁၁,၃၀၀ အထိ ရှိတယ်လို့လည်း ဆိုပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013