DVB Logo
Home
အားကစား
ရိုက်စ် ဘလွန်းဒီအောဆုရရန် ဆုဖလားနှင့် သက်ဆိုင်ဟု အာတေတာ ပြော
DVB
·
November 30, 2025
ရိုက်စ် ဘလွန်းဒီအောဆုရရန် ဆုဖလားနှင့် သက်ဆိုင်ဟု အာတေတာ ပြော
Donate to DVB

ကွင်းလယ်လူ ဒက်ကလန်ရိုက်စ် ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ရဖို့ဆိုရင် ဆုဖလားတွေရ၊ မရနဲ့သက်ဆိုင်ကြောင်း နည်းပြအာတေတာက ပြောပါတယ်။ 

ရိုက်စ်ဟာ ဘိုင်ယန်မြူးနစ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အကောင်းဆုံးကစားသမားဆုရရှိခဲ့ပြီး နိုင်ငံအသင်းမှာလည်း ခြေစွမ်းပြကစားနေတာပါ။

လာမယ့်နှစ်မှာကျင်းပမဲ့ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ဒက်ကလန်ရိုက်စ် ရနိုင်သလား ဆိုတဲ့ သတင်းထောက်ရဲ့မေးခွန်းကို နည်းပြအာတေတာက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပြီး ဆုဖလားတွေရယူနိုင်မှုနဲ့ သက်ဆိုင်နေကြောင်း ပြောခဲ့တာပါ။

ရိုက်စ်အနေနဲ့ ဆုရဖို့ မျှော်လင့်ပြီး ဒီလိုရမယ်ဆိုရင် မိမိတို့အသင်းအနေနဲ့ ဆုဖလားတွေရယူနိုင်တဲ့ အဓိပ္ပာယ်ဖြစ်ကြောင်း၊ ရိုက်စ်ဟာ ရာသီစတင်ချိန်က တည်းကနေ လက်ရှိအချိန်အထိ အံ့ဖွယ် ကောင်းမွန်အောင် ကစားနိုင်ခဲ့ပြီး အသင်းအတွက် အစားထိုးလို့မရနိုင်တဲ့ကစားသမားဖြစ်ကြောင်း နည်းပြအာတေတာက ချီးကျူးသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013