DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ချေးငွေများ ၄ လအတွင်း အကျေ ပေးဆပ်ရမည်
DVB
·
November 29, 2025
ကိုဗစ်ချေးငွေများ ၄ လအတွင်း အကျေ ပေးဆပ်ရမည်
Donate to DVB

ကိုဗစ်-၁၉ ရန်ပုံငွေကနေ ကျပ်သိန်း ၂၀၀ အထက် ချေးယူထားတဲ့ ရန်ကုန်တိုင်းအတွင်းက လုပ်ငန်းရှင်တွေကို လာမယ့် ၂၀၂၆ ခု မတ်လ နောက်ဆုံးထားပြီး ချေးငွေအကျေ ပြန်ပေးဆပ်ရမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတ်မှတ်ထုတ်ပြန်လိုက်ပါတယ်။

ချေးငွေအမြန်ဆုံး ပြန်လည်ကောက်ခံရရှိရေးအတွက် ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီဆွေးနွေးပွဲမှာပဲ လုပ်ငန်းရှင်တွေ ချေးငွေ အကျေပြန်ပေးဆပ်ရမယ့်ကာလကို စကစ ဝန်ကြီးချုပ် ဦးစိုးသိန်းက အသိပေး ပြောကြားခဲ့တာပါ။

ရန်ကုန်တိုင်းဟာ ကိုဗစ်ချေးငွေ ထုတ်ယူမှု အများဆုံးဖြစ်သလို ပြန်ပေးဆပ်ဖို့ ကြွေးကျန် အများဆုံး ကျန်ရှိနေတဲ့ တိုင်းဒေသကြီးလည်း ဖြစ်တာကြောင့် ကျပ်သိန်း ၂၀၀ အထက် ချေးယူထားတဲ့ လုပ်ငန်းရှင်တွေဟာ ချေးငွေကို ၃ ကြိမ်ခွဲပြီး ၂၀၁၆ ခုနှစ် မတ်လအတွင်း အကျေပေးဆပ်ရမယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ချေးငွေအချိန်မီ ပြန်လည်ပေးဆပ်ဖို့ ပျက်ကွက်ပါက စီမံခန့်ခွဲမှုနည်းလမ်းတွေနဲ့ အရေးယူမှုတွေ ပြုလုပ်နိုင်တယ်၊ နိုင်ငံတော်ပိုင်ငွေတွေကို အသိစိတ်ဓာတ်နဲ့ ပြန်လည်ပေးဆပ်စေလိုကြောင်းလည်း လုပ်ငန်းရှင်တွေကို သတိပေး ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို အတိုးနှုန်း ၁ ရာခိုင်နှုန်းနဲ့ ချေးငွေသက်တမ်း ၁ နှစ် သတ်မှတ်ပြီး အရင်အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် ဧပြီလကစတင်ပြီး ချေးငွေတွေ ထုတ်ချေးပေးခဲ့တာပါ။ 

အဆိုပါချေးငွေတွေကို CMP လုပ်ငန်းတွေ၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေနဲ့ ကုန်ထုတ်လုပ်ငန်းတွေအပါအဝင် ကဏ္ဍ ၁၀ မျိုးက လုပ်ငန်းရှင်တွေကို ဦးစားပေးအဖြစ် သတ်မှတ်ပြီး ချေးငွေထုတ်ပေးခဲ့တာလို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013