
ဝေဖန်မှုတွေက ဘောလုံးရဲ့အစိတ်အပိုင်းတရပ်ဖြစ်ကြောင်း လီဗာပူးနောက်တန်းကစားသမား ကိုနာတေးက ပြောသွားပါတယ်။
လီဗာပူးအသင်းရဲ့ ရလဒ်ဆိုးရွားမှုတွေမှာ နောက်ခံလူ ကိုနာတေးဟာ အဓိကဝေဖန်ခံနေရသူဖြစ်ပြီး ဝေဖန်မှုတွေကို ရင်ဆိုင်ပြီး ရလဒ်ကောင်းပြန်ရဖို့ တိုက်ပွဲဝင်သွားမယ်လို့ ကိုနာတေးက ပြောပါတယ်။
ပရိသတ်တွေရဲ့အားပေးသံက အသင်းအတွက် အရာအရာအဓိပ္ပါယ်ရှိကြောင်း၊ မိမိတို့ ကစားသမား တွေဘက်က ခြေစွမ်းတိုးတက်လာဖို့ လိုအပ်နေတယ်ဆိုတာသိရှိပြီး ပရိသတ်တွေအတွက် အစွမ်းကုန် တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ကိုနာတေးက ပြောပါတယ်။
နောက်ခံလူ ဗန်ဒိုက်ဟာလည်း အခက်ခဲဆုံးအချိန်ကို ရောက်ရှိနေပြီး စိန်ခေါ်မှုတွေကို အခွင့်အရေးအဖြစ် အသုံးချပြီး တိုက်ပွဲဝင်သွားမယ်လို သူ့ရဲ့ အင်စတာဂရမ် အကောင့်မှာ ရေးသားထားပါတယ်။
ရှုံးပွဲဆက်နေတဲ့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး ရလဒ်ကောင်းပြန်ရဖို့ အရေးကြီးနေပါတယ်။
Photo: Reuters










