
ဟော်လန်ကလပ် ဖီယင်နုနည်းပြ ဗန်ပါစီဟာ သားဖြစ်သူ ရှာကွီးဗန်ပါစီကို အသင်းကြီးမှာ ပထမဆုံးအကြိမ် ပွဲကစားခွင့်ပေးခဲ့ပါတယ်။
အသက် ၁၉ နှစ်ရှိ ရှာကွီးဗန်ပါစီဟာ ၂၀၂၂ ခုနှစ် က ဖီယင်နုအသင်းနဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့သူပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်က နိုက်မေဂမ်အသင်းနဲ့ ဒက်ချ်လိဂ်ပွဲစဉ်အတွက် လူစာရင်းမှာ စတင်ပါဝင်ခွင့်ရခဲ့သလို နိုဝင်ဘာ ၂၈ ရက်က ဆဲလ်တစ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာလည်း နည်းပြဗန်ပါစီက သားဖြစ်သူ ရှာကွီးဗန်ပါစီကို လူစားဝင် ကစားစေခဲ့တာပါ။
သားဖြစ်သူကို လူစားလဲကစားခွင့်ပေးတာက ဖခင်ဖြစ်သူအနေနဲ့ ဆုံးဖြတ်ခဲ့တာမဟုတ်ဘဲ နည်းပြတယောက်အနေနဲ့ ဂိုးလိုအပ်နေတဲ့အတွက် လူစားလဲခဲ့တာလို့ ဗန်ပါစီက ပြောပါတယ်။
ရှာကွီးက နေရာပေါင်းစုံကနေ ဂိုးသွင်းနိုင်သူဖြစ်လို့ လူစားလဲခဲ့တာဖြစ်ကြောင်း ဖခင်တယောက်အနေနဲ့ဆိုရင် သားဖြစ်သူက အသင်းကြီးအတွက် ပွဲထွက်ခွင့်ရတာက ထူးခြား တဲ့အခိုက် အတန့်ဖြစ်ပေမဲ့ နည်းပြအလုပ်တာဝန်လည်းရှိနေတာကြောင့် စိတ်လွတ်လက်လွတ် မပျော်ရွှင်ခဲ့ရကြောင်း ဗန်ပါစီက ပြောသွားပါတယ်။
Photo: Reuters










