DVB Logo
Home
မြန်မာသတင်း
ပုဒ်မ ၅၀၅-က ဖြင့် ထောင်ကျနေသူ ၈ ဦး ပုသိမ်ထောင်မှ ပြန်လွတ်
DVB
·
November 28, 2025
ပုဒ်မ ၅၀၅-က ဖြင့် ထောင်ကျနေသူ ၈ ဦး ပုသိမ်ထောင်မှ ပြန်လွတ်
Donate to DVB

ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ်ကျခံနေရတဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့အကျဥ်းထောင်မှ အကျဥ်းသူ တယောက်နဲ့ အကျဥ်းသား ၇ ယောက် စုစုပေါင်း ၈ ယောက် ပြန်လည်လွတ်မြောက်လာတယ်လို့ ပုသိမ်မြို့ခံတွေဆီက သိရပါတယ်။

ပြန်လွတ်လာသူတွေကတော့ ကျောင်းကုန်းမြို့၊ ရေကြည်မြို့၊ ကန်ကြီးဒေါင့်မြို့နဲ့ ပုသိမ်မြို့မှာ နေထိုင်တဲ့သူတွေဖြစ်ပြီး လူမှု့ကွန်ရက်ဖေ့စ်ဘွတ်ခ်ပေ့ချ်တွေကို Like Comment ပေးခဲ့လို့ ပုဒ်မ ၅၀၅-က နဲ့ တပ်ပြီး အဖမ်းခံထားရသူတွေပါဝင်ပြီး နိုဝင်ဘာ ၂၇ ရက် မနက် ၉ နာရီကျော်မှာ ပြန်လွတ်ခဲ့တာလို့ ဆိုပါတယ်။

ပြန်လည်လွတ်မြောက်လာသူတွေနဲ့နီးစပ်သူတဦးက “ကျောင်းကုန်း ၃ ယောက်၊ ရေကြည် ၁ ယောက်၊ ကန်ကြီးဒေါင့် ၁ ယောက်၊ ပုသိမ် ၁ ယောက်နဲ့ အခြားမြို့နယ်တွေက ဖြစ်ပြီး ပုသိမ်က ၁ ယောက်ကတော့ သတင်းအထူးတပ်ဖွဲ့ပုသိမ်ဆိုတဲ့ accကို like comment ပေးလို့ ၅၀၅-ကနဲ့ ထောင် ၂ နှစ်ကျတာ ၂ လနေခဲ့ပြီး ပြန်လွတ်လာတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်း အခြားမြို့နယ်တွေကတော့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာတဲ့သူ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းအထိ မကြားရသေးဘဲ လွတ်ငြိမ်းခွင့် နဲ့ ပြန်လွှတ်ပေးသူအများစုမှာ မတရားဖမ်းဆီးကာ နိုင်ငံတော်အကြည်ငြိုပျက်စေအောင် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဒ်မ ၅၀၅-က တပ်ပြီး အဖမ်းခံထားရသူတွေနဲ့ လွတ်ရက်စေ့ခါနီးမှ ပြန်လွှတ်ပေးတဲ့အထဲ ပါလာကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အကျည်းထောင်အသီးသီးမှာ နိုင်ငံရေးပုဒ်မအပြင် အခြားအကြမ်းဖက်ဥပဒေ ပုဒ်မတွေ နဲ့ ဖမ်းဆီးအကျဥ်းချခံထားရသူ အများအပြားရှိနေပြီး စစ်ကောင်စီက နိုဝင်ဘာ ၂၆ ရက် နေ့စွဲနဲ့ ပြစ်ဒဏ်လွတ်ငြိမ်ခွင့်ပြုကာ ပြန်လည်လွှတ်ပေးခဲ့သူတွေအများစုမှာ လူမှုကွန်ရက်စာမျက်နှာကနေ စစ်ကောင်စီကို ဝေဖန်ရေးသားခဲ့သူတွေ၊ တော်လှန်ရေးကို ထောက်ပံ့သူတွေလို့ စွပ်စွဲဖမ်းဆီးခံရသူ အများစုဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013