
ဘာစီလိုနာကြယ်ပွင့် လာမိန်းယာမဲလ်နဲ့ ချဲလ်ဆီးကြယ်ပွင့် အစ်စတေဘုံတို့ဟာ အနာဂတ်မှာ နောက်ထပ် မက်ဆီနဲ့ စီရော်နယ်ဒိုတို့လိုဖြစ်လာနိုင်ကြောင်း ချဲလ်ဆီးနည်းပြမာရက်စ်ကာက ချီးကျူး သွားပါတယ်။
ဘာစီလိုနာကစားသမား ရာဖင်ညာပြောသလိုပဲ ယာမဲလ်နဲ့ အစ်စတေဘုံတိုဟာ လာမယ့် ၁၀ နှစ် ၁၅ နှစ်အတွင်းမှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့လိုဖြစ်လာနိုင်ပြီး လက်ရှိအချိန်မှာ သူတို့ ၂ ယောက်စလုံးက ၁၈ နှစ်ပဲရှိသေးတဲ့အတွက် ဘောလုံးကို ပျော်ရွှင်ကျေနပ်စွာကစားပြီး နေ့စဉ်ခြေစွမ်းတိုးတက်လာဖို့ လို အပ်ကြောင်းနဲ့ အဲဒီအချက်ကအရေးအကြီးဆုံးဖြစ်ကြောင်း ချဲလ်ဆီးနည်းပြ မာရက်စ်ကာကပြော ပါတယ်။
ပါမီးယားရက်စ်ကနေ ထွက်ပါ်လာတဲ့ ဘရာဇီးလက်ရွေးစင် အစ်စတေဘုံဟာ အခုနှစ်ရာသီ အစပဲမှာပဲ ၅ ဂိုးသွင်းထားသလို ဘာစီလိုနာက ယာမဲလ်ဟာလည်း ရာသီအစ ၁၃ ပွဲမှာပဲ ၆ ဂိုးသွင်း ၇ ကြိမ်ဂိုးဖန်တီး ထားပါတယ်။
Photo: Reuters










