DVB Logo
Home
မြန်မာသတင်း
သတင်းထောက်ကို ရိုက်နှက်မှု အရေးယူပေးရန် တောင်းဆို
DVB
·
December 11, 2014
သတင်းထောက်ကို ရိုက်နှက်မှု အရေးယူပေးရန် တောင်းဆို
1 / 2
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် Development News Journal (DNJ) ၏ အကြီးတန်း သတင်းထောက် ကိုကျော်လင်းကို ဆိပ်ကမ်းအာဏာပိုင် ၀န်ထမ်းတွေက ထိုးကြိတ်ခဲ့တာကို ၃ ရက်အတွင်း အရေးယူပေးဖို့ ဂျာနယ်က တောင်းဆိုလိုက်ပါတယ်။

14324_562688073876191_8396674507400564289_nဒီဇင်ဘာ ၃ ရက်က ကုလားတန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သောင်တူးဖော်တဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စစ်တွေမြို့ ဆိပ်ကမ်းအာဏာပိုင်ရုံးမှာ သွားရောက် သတင်းယူရာ ထိုးကြိတ်ခံခဲ့ရတာလို့ DNJ တာဝန်ခံအယ်ဒီတာ ကိုမိုးဇော်မြင့်က ပြောပါတယ်။

“လုံခြုံရေးကနေပြီးတော့ ဘာမှလည်း ပြဿနာ ထွေထွေထူးထူး ဖြစ်တာ မဟုတ်ဘဲနဲ့ လက်သီးနဲ့ထိုးတယ်၊ ဘယ်ဘက် မျက်ခုံးထောင့်မှာ ဒဏ်ရာရသွားတယ်။ ဒီလို ပြဿနာ ဖြစ်နေတဲ့ အချိန်မှာ ဘေးကရှိနေတဲ့ လုံခြုံရေးကနေပြီးတော့ သူတို့ ရုံးခန်းထဲကို ခေါ်သွားတယ်” လို့ ကိုမိုးဇော်မြင့်က ပြောပါတယ်။

ဒီနောက် သတင်းထောက်က ရုံးကို လာရောက်ခြင်းမရှိဘဲ အိမ်ပြန်သွားသလို အယ်ဒီတာ အဖွဲ့က ခရီးလွန်နေတဲ့အတွက် ဒီကိစ္စကို ဖြစ်ဖြစ်ခြင်း မသိခဲ့ဘူးလို့ သူကပြောပါတယ်။

ဒီအကြောင်း အယ်ဒီတာအဖွဲ့က သိရှိရာမှာတော့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ဆိပ်ကမ်း အာဏာပိုင်တွေကို ဖြေရှင်းပေးဖို့ အကြောင်းကြားခဲ့ပေမယ့် ဖြေရှင်းချက်မပေးခဲ့တဲ့ အတွက် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

၃ ရက်အတွင်း မဖြေရှင်းပေးဘူးဆိုရင်တော့ ပြည်နယ်ဝန်ကြီးချုပ်ထံ စာတင်သွားမှာ ဖြစ်သလို တစုံတရာ မတုံ့ပြန်ရင်တော့ တရားဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ ကိုမိုးဇော်မြင့်က ပြောပါတယ်။

၂၀၁၂ ခုနှစ် ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး စတင်ထုတ်ဝေခဲ့တဲ့ DNJ ဂျာနယ်ဟာ စစ်တွေအခြေစိုက် ၂ ပတ်တကြိမ် ထုတ်ဝေနေတဲ့ ဒေသခံ ဂျာနယ်တစောင် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013