DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် နှစ် ၃၀၀ အတွင်း မိုးရေချိန် အမြင့်ဆုံးစံချိန်တင်၊ တောင်ပိုင်း ရေကြီးမှုကြောင့် သေဆုံးသူ ၃၃ ဦးရှိလာ 
DVB
·
November 26, 2025
ထိုင်းတွင် နှစ် ၃၀၀ အတွင်း မိုးရေချိန် အမြင့်ဆုံးစံချိန်တင်၊ တောင်ပိုင်း ရေကြီးမှုကြောင့် သေဆုံးသူ ၃၃ ဦးရှိလာ 
Donate to DVB

အရှေ့တောင်အာရှနိုင်ငံတွေမှာ ရေကြီးရေလျှံမှုတွေ ဆက်တိုက်ကြုံတွေ့နေရပြီး ထိုင်းတောင်ပိုင်း ဟတ်ယိုင်မြို့မှာတော့ အနှစ် ၃၀၀ အတွင်း မိုးရေချိန်အမြင့်ဆုံး စံချိန်တင်ခဲ့ပါတယ်။ 

ထိုင်းမှာ ဒီစံချိန်တင်ရေကြီးမှုကြောင့် လူ ၃၃  ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး ကယ်ဆယ်ရေးအတွက် စစ်သင်္ဘောတွေ၊ ရဟတ်ယာဉ်တွေပါ အသုံးပြုနေရတာပါ။ 

ပြီးခဲ့တဲ့အပတ်ထဲ နိုင်ငံတောင်ပိုင်းက ခရိုင် ၁၀ ခုမှာ ရေကြီးခဲ့ပြီး မလေးရှားနယ်စပ် ဟတ်ယိုင်မှာ တရက်တည်း မိုးရေချိန် ၃၃၅ မီလီမီတာအထိ ရှိခဲ့ပါတယ်။ ရုပ်သံမှတ်တမ်းတွေမှာတော့ အိမ်တွေ၊ ကားတွေ ရေနစ်မြုပ်နေပြီး ခေါင်မိုးတွေပေါ်မှာ ပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ဆယ်နေရပုံတွေ တွေ့မြင်ရပါတယ်။ 

အိမ်နီးချင်း ဗီယက်နမ်မှာ တပတ်အတွင်း သေဆုံးသူ ၉၈ ယောက်အထိ ရှိလာသလို မလေးရှားမှာလည်း လူ ၁၉,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။ ထိုင်းမှာတော့ ရေကြီးမှုဒဏ်ကြောင့် ထိခိုက်သူ ၂ သန်းအထိ ရှိလာပြီး ၁၃,၀၀၀ လောက်ကိုပဲ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားနိုင်ပါတယ်။

ဒါကြောင့် အစိုးရအဖွဲ့က နိုဝင်ဘာ ၂၅ ရက်မှာ ဆုန်ခလာခရိုင်ကို သဘာဝဘေးအန္တရာယ်ဇုန်အဖြစ် သတ်မှတ်ပြီး ကယ်ဆယ်ရေးရန်ပုံငွေတွေ သုံးစွဲခွင့်ပြုလိုက်ပါတယ်။ 

ထိုင်းစစ်တပ်ကလည်း ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ လှေ ၁၄ စီးအပြင် လိုအပ်ရင် ရေပေါ်ဆေးရုံအဖြစ် အသုံးပြုမယ့် Chakri Naruebet  လေယာဉ်တင်သင်္ဘောကိုပါ စေလွှတ်ဖို့ ပြင်ဆင်နေပါတယ်။ 

လက်ရှိအချိန်ထိ ရေဘေးသင့်ပြည်သူအများအပြား ပိတ်မိနေဆဲဖြစ်ပြီး အစားအသောက် ပြတ်လပ်ကာ လူမှုကွန်ရက်တွေကနေတဆင့် အရေးပေါ် အကူအညီတောင်းခံနေရတယ်လို့လည်း သိရပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူဦးရေ ၃၃ ယောက်ရှိပြီး သေဆုံးရတဲ့ အကြောင်းရင်းတွေထဲမှာ မြေပြိုတာ၊ ရုတ်တရက်ရေကြီးတာနဲ့ ဓာတ်လိုက်တာတွေ ပါတယ်လို့ ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ စီရိပွန်အန်ကာစာကူးကီးယတ်က ပြောပါတယ်။

ဟတ်ယိုင်မြို့တည်ရှိရာ ဆွန်ခလာအပါအဝင် ထိုင်း ခရိုင် ၉ ခုမှာ ရေကြီးရေလျှံမှုတွေကြောင့် အိမ်ထောင်စု ၉၈၀,၀၀၀ ကျော်နဲ့ လူဦးရေ ၂ ဒသမ ၇ သန်းကျော် ထိခိုက်ခဲ့ရတယ်လို့ထိ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဇွန်လကနေ စက်တင်ဘာအထိ မိုးသည်းကြီးမည်းကြီး ရွာတာကို ပုံမှန်မှတ်တမ်းတင်ထားပေမယ့် လူတွေကြောင့်ဖြစ်တဲ့ ရာသီဥတုပြောင်းလဲမှုက အလွန်အမင်း ဆိုးရွားစေပြီး အခြေအနေတွေကို ခန့်မှန်းရ ခက်စေတယ်လို့ ကျွမ်းကျင်သူတွေက ပြောခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013