DVB Logo
Home
မြန်မာသတင်း
ပြည်တွင်း ‌ရွှေဈေး ၁ ကျပ်သားကို ကျပ် ၈၇ သိန်း အထက် ပြန်ရောက်
DVB
·
November 26, 2025
ပြည်တွင်း ‌ရွှေဈေး ၁ ကျပ်သားကို ကျပ် ၈၇ သိန်း အထက် ပြန်ရောက်
Donate to DVB

ကမ္ဘာရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးဟာလည်း  တကျပ်သားကို ကျပ် ၈၇ သိန်းအထက်ကို ပြန်မြင့်တက်လာတယ်လို့  ဈေးကွက်အတွင်းက သိရပါတယ်။

ပြည်တွင်း ရွှေဈေးကတော့ နိုဝင်ဘာ ၂၅ရက် မနက်ပိုင်းမှာ  ၈၇ သိန်းခွဲ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး တရက်အတွင်း ကျပ် ၁ သိန်း ဈေးမြင့်လာတာ ဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ နိုဝင်ဘာ ၂၅ ရက်မှာ တအောင်စကို အမေရိကန်ဒေါ်လာ ၄,၁၅၅ ဒေါ်လာအထိ ပြန်အတက်ရှိခဲ့ပြီး မနေ့ကဈေးနဲ့ယှဥ်ရင်  တရက်အတွင်း ၁  ရာခိုင်နှုန်း‌ကျော် မြင့်တက်ခဲ့တာ တွေ့ရပါတယ်။

ဒါပေမဲ့ အဲဒီနေ့ ညနေပိုင်းမှာတော့ ကမ္ဘာ့ရွှေဈေးက  ဒေါ်လာ ၄,၁၃၀ ဝန်းကျင်ကို ပြန်ဆင်းလာပြီး ပြည်တွင်းရွှေဈေးကလည်း အခေါက်ရွှေ တကျပ်သားကို ကျပ် ၈၇ သိန်းနဲ့ တသောင်းဝန်းကျင်ကို ပြန်ကျဆင်းလာပါတယ်။

ကမ္ဘာ့ရွှေဈေးကြောင့်သာ ပြည်တွင်းရွှေဈေး ပြန်မြင့်တက်နေတာ ဖြစ်ပြီး အမေရိကန်ဒေါ်လာဈေး ကတော့  ကျပ် ၄,၀၅၀ ဝန်းကျင်မှာပဲ ဈေးငြိမ်နေတာ တွေ့ရပါတယ်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်ထားတဲ့ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးကလည်း တကျပ်သားကို ကျပ် ၅,၉၇၀,၀၀၀ မှာပဲ ဈေးငြိမ်နေပါတယ်။

စစ်ကောင်စီကတော့ ပြည်တွင်း ရွှေဈေးကွက်ကို ထိန်းချုပ်ဖို့ ကြိုးစားနေပြီး ရွှေဆိုင်တွေကိုလည်း ဝန်ကြီးဌာနက ထုတ်ပေးတဲ့ ဘောင်ချာတွေနဲ့ ရည်ညွှန်းဈေးအတိုင်း အရောင်းအဝယ် လုပ်ခိုင်းနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013