DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကို လယ်သမားနှင့် ထရပ်ကားမောင်းသူများ လမ်းပိတ်ဆို့ ဆန္ဒပြ
DVB
·
November 25, 2025
မက္ကဆီကို လယ်သမားနှင့် ထရပ်ကားမောင်းသူများ လမ်းပိတ်ဆို့ ဆန္ဒပြ
Donate to DVB

မက္ကဆီကိုနိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ သပိတ်မှောက်မှုရဲ့ တစိတ်တပိုင်းအဖြစ် အနည်းဆုံး ပြည်နယ် ၂၅ ခုမှာ မက္ကဆီကန် လယ်သမားတွေနဲ့ ထရပ်ကားမောင်းသူတွေဟာ နိုဝင်ဘာ ၂၄ ရက်က အဝေးပြေး လမ်းမကြီးတွေနဲ့ အဓိကနယ်စပ်ဖြတ်ကျော်ဂိတ်တခုကို ပိတ်ဆို့ဆန္ဒပြခဲ့ကြပါတယ်။ 

လုံခြုံဘေးကင်းတဲ့ လမ်းမကြီးတွေ၊ သင့်တင့်မျှတတဲ့ ကောက်ပဲသီးနှံဈေးနှုန်းတွေနဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှုကို ခြိမ်းခြောက်နေတယ်လို့ ပြောကြတဲ့ ရေဥပဒေ အဆိုပြုထားချက်ကို ရုပ်သိမ်းပေးရေး တောင်းဆိုခဲ့ကြပါတယ်။ 

ဆန္ဒပြပွဲအတွင်း လယ်သမားတွေဟာ ဆီအူဒက်ဒ် ဟွာရက်ဇ် နဲ့ တက္ကဆက်ပြည်နယ်၊ အလ်ပါဆို တို့ကို ဆက်သွယ်ထားတဲ့ ဇာရာဂိုဇာ-ယက်စ်လက်တာ တံတားပေါ်မှာ ကုန်တင်ယာဉ်တွေကို ရပ်တန့်ခဲ့ပြီး လွှတ်တော်မှာ ဆွေးနွေးနေတဲ့ ရေဥပဒေကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတာပါ။

အဲဒီရေဥပဒေဟာ ကိုယ်ပိုင်ပုဂ္ဂလိကမြေပေါ်မှာ ရေတွင်းတွေနဲ့ မြေအောက်ရေကို တူးဖော် အသုံးပြုခွင့်ကို ပြင်းပြင်းထန်ထန် ကန့်သတ်မှာဖြစ်တာကြောင့် မိုးခေါင်ရေရှားဒေသတွေမှာ သီးနှံတွေအတွက် ရေသွင်းစိုက်ပျိုးခြင်းကို ခြိမ်းခြောက်နေပါတယ်။ 

အဲဒီအစီအမံဟာ ဖက်ဒရယ် အာဏာပိုင်တွေကို ရေအခွင့်အရေးတွေကို ပိုမိုထိန်းချုပ်ခွင့် ရှိနိုင်စေပြီး စိုက်ပျိုးထုတ်လုပ်သူတွေဘက်ကိုတော့ အားနည်းစေကာ စိုက်ပျိုးရေးအထွက်နှုန်းတွေကို ထိန်းသိမ်းလို့ မရနိုင်တာတွေ ဖြစ်ရကြောင်း ဆန္ဒပြသူတွေက ငြင်းခုံကြပါတယ်။ 

လယ်သမား ဟိုဒီရေး ဘတ်စ်တီလ်ယိုစ် က  “ကျနော်တို့အတွက် လုံးဝအကျိုးမရှိတဲ့ ဥပဒေတရပ်ကို ပြဋ္ဌာန်းချင်နေလို့ အခုလို ဆန္ဒပြတာပါ။ ဒီရေဥပဒေသစ်နဲ့ ဖြစ်ပျက်နေတာတွေက ကျနော်တို့ဆီကနေ အရာအားလုံးကို ယူဆောင်သွားပြီး ကျနော်တို့ကို ၁၀၀ ရာခိုင်နှုန်း အကာအကွယ်မဲ့စေပါတယ်။ ရေမရှိတဲ့ မြေယာက လုံးဝ အသုံးမဝင်ပါဘူး” လို့ ပြောပါတယ်။ 

တက်ကြွလှုပ်ရှားသူတွေကလည်း ဥပဒေကြမ်းကို တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ အတည်ပြုလိုက်ရင် အစားအစာ ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးရေးမှာ ဖွဲ့စည်းပုံဆိုင်ရာပြဿနာတွေကို ပိုမိုနက်ရှိုင်းစေနိုင်မှာ ဖြစ်ကြောင်းလည်း သတိပေးကြပါတယ်။ 

မက္ကဆီကိုနိုင်ငံရဲ့ မြောက်အလယ်ပိုင်းရှိ ကေရယ်တာ့ရို ပြည်နယ်မှာလည်း အလားတူ ပိတ်ဆို့မှုတွေ ရှိခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အဲဒီနေရာမှာ ထရပ်ကား ဒါဇင်ပေါင်းများစွာဟာ ပါလ်မီယာ့စ်-ရီယို ဘလန်ကို အခွန်ကောက်ခံရေး စင်တာကို လမ်းပိတ်ဆို့ခဲ့တာကြောင့် ကီလိုမီတာ များစွာ ရှည်လျားတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

ဆန္ဒပြသူတွေက အာဏာပိုင်တွေအနေနဲ့ ရေဥပဒေကို ပြန်လည်သုံးသပ်ပြီး တရားမျှတတဲ့ ငွေပေးချေမှုတွေကို အာမခံပြီး အဝေးပြေးလမ်းမကြီးတွေပေါ်မှာ လုံခြုံရေး တိုးမြှင့်ပေးချိန်အထိ ဖိအား ဆက်ပေးနေမှာဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးသမားတွေအပေါ် အကြမ်းဖက်မှုတွေ မြင့်တက်လာတာကို ကိုးကား ပြောဆိုခဲ့ပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013