
ဆော်ဒီအာရေဗျနိုင်ငံမှာ ကန့်သတ်ချက်တွေကို ဖြေလျှော့တဲ့အနေနဲ့ မွတ်စလင် မဟုတ်သူတွေအတွက် အရက်အရောင်းဆိုင် နောက်ထပ် ၂ ဆိုင် ထပ်ဖွင့်ဖို့ စီစဉ်နေပါတယ်။
ဒါကြောင့် တိုင်းပြည်အတွင်းမှာ တရားဝင်အရက်အရောင်းဆိုင် စုစုပေါင်း ၃ ဆိုင်အထိ ရှိလာတော့မှာပါ။
ဆိုင်အသစ်တွေကိုတော့ အာရမ်ကို (Aramco) ရေနံကုမ္ပဏီဝန်ထမ်းတွေအတွက် ဒါရန်မြို့မှာ တဆိုင်နဲ့၊ သံတမန်တွေအတွက် ဂျက်ဒါမြို့မှာ တဆိုင် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
ဒီဆိုင်သစ်တွေကိုတော့ ၂၀၂၆ ခုနှစ်မှာ စတင်ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း မြို့တော် ရီယာ့ဒ်မှာ သံတမန်တွေအတွက် အရက်ဆိုင် တဆိုင်ကို နှစ်ပေါင်း ၇၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်ပေးခဲ့ပါသေးတယ်။
လက်ရှိမှာတော့ ရီယာ့ဒ်ကဆိုင်မှာ သံတမန်တွေအပြင် Premium Residency (ပရီမီယမ် နေထိုင်ခွင့်) ရထားသူတွေပါ ဝယ်ယူခွင့် ရရှိနေပြီ ဖြစ်ပါတယ်။
ဒီအစီအစဉ်တွေဟာ အိမ်ရှေ့စံ မိုဟာမက်ဘင်ဆယ်လ်မန် ဦးဆောင်တဲ့ တိုင်းပြည်တံခါးဖွင့်ဝါဒရဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။
ဆော်ဒီအာရေဗျဟာ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့နဲ့ စီးပွားရေးပုံစံမျိုးစုံ ဖွံ့ဖြိုးလာဖို့အတွက် အခုလို စည်းကမ်းတွေကို တဖြည်းဖြည်း ဖြေလျှော့ပေးလာတာပဲ ဖြစ်ပါတယ်။
Source: Reuters











