DVB Logo
Home
နိုင်ငံတကာ
တရုတ်က ဂျပန်ကို ကုလအတွင်းရေးမှူးချုပ်ထံ တိုင်ကြား၊ ခုခံပိုင်ခွင့် ကျင့်သုံးမည်ဟုဆို
DVB
·
November 24, 2025
တရုတ်က ဂျပန်ကို ကုလအတွင်းရေးမှူးချုပ်ထံ တိုင်ကြား၊ ခုခံပိုင်ခွင့် ကျင့်သုံးမည်ဟုဆို
Donate to DVB

ထိုင်ဝမ်ကျွန်းအရေး “စစ်ရေးအရစွက်ဖက်မှု” လုပ်ဖို့ ဂျပန်က ခြိမ်းခြောက်တယ် ဆိုပြီးတော့ တရုတ်က ကုလသမဂ္ဂမှာ တိုင်ကြားခဲ့ပါတယ်။

တရုတ်က ထိုင်ဝမ်ကို တိုက်ရင် ဂျပန်က စစ်ရေးတုံ့ပြန်မှုလုပ်မယ်လို့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိရဲ့ ပြောဆိုချက်ဟာ အပြည်ပြည်ဆိုင်ရာဥပဒေနဲ့ သံတမန်ရေးစံနှုန်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ရောက်တယ်လို့ တရုတ်က စွပ်စွဲလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံကို ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး ဖူချောင်းက တရားဝင် စာရေးသား တိုင်ကြားတာ ဖြစ်ပါတယ်။

“ထိုင်ဝမ်ရေလက်ကြားအရေး ဂျပန်က လက်နက်ကိုင် ကြားဝင်စွက်ဖွက်ဖို့ ကြိုးစားရဲမယ်ဆိုရင်၊ ရန်စကျူးကျော်မှုအဖြစ် သတ်မှတ်ရပါလိမ့်မယ်” လို့ပါ သတိပေးထားပါတယ်။

“တရုတ်နိုင်ငံဟာ ကုလသမဂ္ဂ ပဋိညာဉ်၊ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေအရ ခုခံကာကွယ်ပိုင်ခွင့် (Right of Self-defense) ကို ပြတ်ပြတ်သားသား ကျင့်သုံးသွားမှာဖြစ်ပြီး အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှုကို ခိုင်ခိုင်မာမာ ကာကွယ်သွားမယ်” လို့လည်း သံအမတ်ကြီးရဲ့ စာမှာ ဖော်ပြထားပါတယ်။

တရုတ်အစိုးရဟာ ထိုင်ဝမ်ကို သူ့ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး ဒီကျွန်းကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်အင်အားအသုံးပြုရေးကို မငြင်းပယ်ထားပါဘူး။

ထိုင်ဝမ်ကတော့ တရုတ်ကွန်မြူနစ်အစိုးရရဲ့ ရပ်တည်ချက်ကို လက်မခံဘဲ အနာဂတ်ကို ပြည်သူတွေသာ ဆုံးဖြတ်ရမယ်လို့ တုံ့ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013