DVB Logo
Home
မြန်မာသတင်း
အမျိုးသားပညာရေးဥပဒေ ဆန္ဒပြမှု ရန်ကုန်တက္ကသိုလ်ဆရာများထောက်ခံ
DVB
·
December 10, 2014
အမျိုးသားပညာရေးဥပဒေ ဆန္ဒပြမှု ရန်ကုန်တက္ကသိုလ်ဆရာများထောက်ခံ
Donate to DVB

အမျိုးသားပညာရေးဥပဒေကို ကျောင်းသားတွေက ကန့်ကွက်ဆန္ဒပြနေတဲ့ အပေါ် ရန်ကုန်တက္ကသိုလ် ဆရာ၊ ဆရာမများအသင်းက အသိအမှတ်ပြုထောက်ခံကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့က ကြေညာလိုက်ပါတယ်။

Student Union Protestကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေနဲ့ အားပေးထောက်ခံခဲ့တဲ့ ဆရာဆရာမတွေရဲ့ ကိုယ်ကျိုးစွန့်တဲ့လုပ်ရပ်ဟာ အနာဂတ်မျိုးဆက်၊ အများပြည်သူ အကျိုးစီးပွား အတွက် ဆောင်ရွက်တာလို့ ယုံကြည်တဲ့အကြောင်းနဲ့ အသိအမှတ်ပြုတဲ့အကြောင်း ရန်ကုန်တက္ကသိုလ် ဆရာဆရာမများ အသင်းက အချက် ၁၂ ချက်ပါ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

မကြာခင်ရက်ပိုင်းအတွင်း အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲနေ တာကို စေ့စပ်ညှိနှိုင်း ဆွေးနွေးဖို့ ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမမှာ ကျင်းပဖို့ ရှိနေပါတယ်။

ဒီဆွေးနွေးပွဲမှာ နိုင်ငံတ၀န်း တက္ကသိုလ်ကျောင်းက ပါမောက္ခချုပ် အပါအ၀င် တခြား ဆရာတဦးတို့ တက်ရောက်ရမှာ ဖြစ်တဲ့အတွက် အသင်းရဲ့ သဘောထားကို ထုတ်ပြန်တာလို့ ရန်ကုန် တက္ကသိုလ် ဆရာ၊ ဆရာမများအသင်း တွဲဖက်အတွင်းရေးမှူး ဒေါက်တာ ပြည့်ဖြိုးကျော်က ပြောပါတယ်။

“ရန်ကုန်တက္ကသိုလ် ဆရာ ဆရာမများအသင်း ကိုယ်စားလှယ် တယောက် နဲ့ ပါချုပ်ကြီးနဲ့ ၂ ယောက် တက်ရမယ်ဆိုပြီး ကျနော်တို့ကို ဖိတ်ကြားတယ်၊ ဖိတ်ကြားတဲ့အပေါ်မှာ ကျနော်တို့က တက်ပြီးဆွေးနွေးမယ်ဆိုရင် ဒီအချက် ၁၂ ချက်ကို အခြေခံပြီးတော့ ဆွေးနွေးမယ်။”

ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းမှာရှိတဲ့ ရန်ကုန်တက္ကသိုလ် ဆရာဆရာမများအသင်းရဲ့ အစည်း အဝေးဆုံးဖြတ်ချက်နဲ့ ဒီအချက် ၁၂ ချက်ကို အားလုံး သဘောတူညီခဲ့တာပါ။

တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်မယ့် ရာထူးအဆင့်အတန်း အားလုံးကို တက္ကသိုလ် ပရ၀ဏ်အတွင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူနဲ့ ဆရာ ဆရာတွေက ပွင့်လင်းမြင်သာ ရွေးချယ်ဆုံးဖြတ်နိုင်ဖို့ ပညာရေး အဖွဲ့အစည်းတရပ် အကောင်ထည်ဖော် ဆောင်ရွက်ရာမှာလည်း ရန်ကုန်တက္ကသိုလ် ဆရာဆရာမများအသင်းက ပူးပေါင်း ပါဝင်မယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ပွင့်လင်းမြင်သာမှုမရှိတဲ့ လုပ်ဆောင်ချက် အမိန့်၊ ဆုံးဖြတ်လမ်းညွှန်ချက်၊ တာဝန်ပေးမှု၊ တာဝန်ယူမှု၊ အရည်အချင်းသတ်မှတ်မှု မှန်သမျှအားလုံးဟာ အဂတိလိုက်စားပြီး အမျိုးသားရေး သစ္စာဖောက် လုပ်ရပ်တွေ ဖြစ်တဲ့အတွက် အပြည့်အ၀ ဆန့်ကျင်ရှုတ်ချတယ်လို့ ဆိုပါတယ်။

အမျိုးသား ပညာရေး ဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားထဲက ဇူလိုင်လမှာ အစိုးရက အတည်ပြုခဲ့တာပါ။

ကျောင်းသားတွေကတော့ ဒီဥပဒေဟာ ဗဟိုချုပ်ကိုင်မှုများလွန်းပြီး ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့် မပေးထားတဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်နဲ့ တခြားနယ်မြို့တွေမှာ လှည့်လည်ဆန္ဒပြ တောင်းဆိုခဲ့ကြပြီး ရက်ပေါင်း ၆၀ အတွင်း ဒီဥပဒေ ပြင်ဆင်ပေးဖို့ ရာဇသံပေး တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013