DVB Logo
Home
နိုင်ငံတကာ
တရုတ်၏ ဖိအားပေး မှုမြင့်တက်လာပြီးနောက် တိုင်ပေမြို့တော်တွင် လုံခြုံရေးလက်စွဲစာအုပ် ဖြန့်ဝေ
DVB
·
November 23, 2025
တရုတ်၏ ဖိအားပေး မှုမြင့်တက်လာပြီးနောက် တိုင်ပေမြို့တော်တွင် လုံခြုံရေးလက်စွဲစာအုပ် ဖြန့်ဝေ
Donate to DVB

ထိုင်ဝမ်ရဲ့မြို့တော် တိုင်ပေမှာ နေထိုင်သူတွေဟာ ထိုင်ဝမ်အစိုးရက မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ လုံခြုံရေးလက်စွဲစာအုပ်ကို  နိုဝင်ဘာ ၂၁ ရက်မှာ ပထမဆုံးလက်ခံ ရရှိခဲ့ကြပါတယ်။

ဒီစာအုပ်ကို စက်တင်ဘာလမှာ ထုတ်ဖော်ပြသခဲ့တာဖြစ်ပြီး သက်ကြီးရွယ်အိုတွေကတော့ လက်စွဲစာအုပ်ကို လက်ခံရရှိအပြီးမှာ အပြုသဘော တုံ့ပြန်ခဲ့ကြပါတယ်။

မျိုးရိုးနာမည် ချီလို့ နာမည်ရှိတဲ့ ဒေသခံတယောက်က “တရုတ်နိုင်ငံဟာ အတော်လေးကြောက်စရာကောင်းတယ်၊ သူတို့က ထိုင်ဝမ်ကို အချိန်အကြာကြီး ခြိမ်းခြောက်ခဲ့ပြီး ဒါဟာ ကျမတို့ရဲ့ ထိုင်ဝမ်သားတွေအပေါ် အလွန်စိတ်ဖိစီးမှုဖြစ်စေတဲ့ ဖိအားတခုပါ” လို့ ပြောပါတယ်။

လက်စွဲစာအုပ်တအုပ်လုံးကို မဖတ်ရသေးဘူးလို့လည်း သူက ထပ်ပြောခဲ့ပါတယ်။

ထိုင်ဝမ် အကြီးတန်းလုံခြုံရေးအရာရှိ လင်ရွဲ့ဖန်ကတော့ တရုတ်နိုင်ငံဟာ ဒေသတွင်းမှာ ပြဿနာရှာသူ အစစ်အမှန်ဖြစ်တယ်လို့ ပြောပါတယ်။ 

တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်လာတာနဲ့အမျှ အစိုးရက ကျွန်းပေါ်က အိမ်ထောင်စုတိုင်းဆီ ပို့ပေးနေတဲ့ အရပ်ဘက်ကာကွယ်ရေး လက်စွဲစာအုပ်အသစ်ရဲ့ မိတ္တူတွေကို လင်ရွဲ့ဖန် ကိုယ်တိုင်ဝေငှပေးခဲ့ပါတယ်။ 

လက်စွဲစာအုပ်ထဲမှာ နိုင်ငံသားတွေဟာ ရန်သူစစ်သားတွေနဲ့ ရင်ဆိုင်ရရင် ဘာလုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ပြီး ထိုင်ဝမ်ကလက်နက်ချဖို့ တောင်းဆိုချက် တွေက မှားတယ်လို့ ယူဆသင့်တယ်လို့လည်းး အလေးပေးပြောထားပါတယ်။

ထိုင်ဝမ်အပေါ် တရုတ်ရဲ့တိုက်ခိုက်မှုဟာ ဂျပန်အစိုးရဆီက စစ်ရေးတုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာခါ့အိချိက လွှတ်တော်ထဲမှာ ပြောခဲ့ပြီးတဲ့နောက် တရုတ်နိုင်ငံဟာ အခုလထဲမှာ ဂျပန်နဲ့ ပိုပြင်းပြင်းထန်ထန် အငြင်းပွားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013