DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာနယ်စပ် တရုတ်ဘက် Arrival Card ကို QR Code စနစ် ပြန်လည်ကျင့်သုံး
DVB
·
November 22, 2025
တရုတ်-မြန်မာနယ်စပ် တရုတ်ဘက် Arrival Card ကို QR Code စနစ် ပြန်လည်ကျင့်သုံး
Donate to DVB

တရုတ်-မြန်မာနယ်စပ် တရုတ်ဘက် Arrival Card ကို နိုဝင်ဘာ ၂၁ ရက်နေ့ကစ QR Code စနစ် ပြန်လည်စတင်ကျင့်သုံးဖို့ တရုတ်နယ်စပ် လူဝင်မှုကြည့်ကြပ်ရေး တာဝန်ရှိသူတွေက အသိပေး ပြောကြားထားပါတယ်။

တရုတ်နိုင်ငံထဲ ဝင်ရောက်လာသူ နိုင်ငံခြားသားတွေအနေနဲ့ ဝင်ရောက်ခွင့်ကတ်ပြား (Arrival Card) ကို စာရွက်နဲ့ မဖြည့်သွင်းရတော့ဘဲ မိမိဖုန်းနဲ့ QR Code ကို Scan ဖတ်ပြီး အွန်လိုင်း ကနေ အချက်အလက် ဖြည့်သွင်းရမယ်လို့ အသိပေးထားပါတယ်။

နယ်စပ် ဒေသခံ အမျိုးသမီးတယောက်က “စာအုပ်အသစ်မှ လုပ်ရတယ်တဲ့။ အဟောင်းဆို မလိုဘူးတဲ့” လို့ ပြောပါတယ်။

လောလောဆယ် စာရွက်ရှိနေသူတွေအနေနဲ့ Qr Code နဲ့ လုပ်စရာမလိုသေးဘဲ စာအုပ်အသစ် ဒါမှမဟုတ် စာအုပ်အဟောင်း ဖြစ်ပေမဲ့ Arrival စာရွက်ပျောက်သွားပါက Qr Code စနစ်နဲ့ လုပ်ရတော့မယ်လို့ သူက ပြောပါတယ်။

မူဆယ် ဒေသခံ အမျိုးသားတယောက်က "Arrival Card ကို QR code နဲ့ ဖြည့်တာက မနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့က စတာပါ” လို့ ပြောပါတယ်။

မူဆယ်နယ်စပ် အဝင်အထွက်အတွက် တရုတ်အစိုးရဘက်က Qr Code Scan ဖတ်ပြီး အချက်အလက်တွေ အွန်လိုင်းစနစ်နဲ့ ပြန်ဖြည့်ခိုင်းတာလို့ သူက ပြောပါတယ်။

နယ်စပ်ဂိတ် စဖွင့်ချိန်က အသုံးပြုခဲ့ဖူးတဲ့ ပုံစံလိုမျိုးပဲ ဖုန်းမသုံးတဲ့ လူကြီးပိုင်းတွေကိုတော့ ကင်းလွတ်ခွင့်ပေးတယ်လို့ ဆိုပါတယ်။

ဖုန်းအသုံးမပြုတဲ့ သူတွေ၊ သက်ကြီးပိုင်းတွေ၊ အဆင်မပြေသူတွေကို ဝန်ထမ်းတွေက ကူညီပေး ပေမယ့် ဒီ Qr Code စနစ်က အဝင်အထွက်ကို အချိန်ပိုကြန့်ကြာစေနိုင်တယ်လို့ ‌နယ်စပ်ဒေသခံတွေက ပြောပါတယ်။

အဲဒီ Arrival QR Code စနစ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘ‌ေ ၃၀ ရက်က စတင်ကာ မူဆယ်နယ်စပ်ဂိတ်အပါအဝင် နေရာအချို့မှာ စမ်းသပ်အသုံးပြုခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်ကစ အွန်လိုင်းကြိုတင်ဖြည့်သွင်းနိုင်တဲ့ Arrival QR Code စနစ်ကို တရားဝင် ကျင့်သုံးမယ်လို့လည်း ဆိုပါတယ်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက် ကစ နိုင်ငံခြားသား တွေအနေနဲ့ တရုတ်နိုင်ငံကို မရောက်ရှိမီ NIA (National Immigration Administration) ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှတဆင့် ဝင်ရောက်ခွင့်ဆိုင်ရာ အချက် အလက်‌တွေကို အွန်လိုင်းမှ ကြိုတင် ဖြည့်သွင်းနိုင်ကြောင်းလည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013