DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယတိုက်လေယာဉ် သရုပ်ပြပျံသန်းစဉ် ပျက်ကျ
DVB
·
November 22, 2025
အိန္ဒိယတိုက်လေယာဉ် သရုပ်ပြပျံသန်းစဉ် ပျက်ကျ
Donate to DVB

ဒူဘိုင်းလေကြောင်းပြပွဲမှာ သရုပ်ပြပျံသန်းနေတဲ့ အိန္ဒိယနိုင်ငံထုတ် Tejas တိုက်လေယာဉ်တစင်းဟာ နိုဝင်ဘာ ၂၁ ရက်က ပျက်ကျခဲ့ပြီး အိန္ဒိယလေတပ်က လေယာဉ်မှူးလည်း သေဆုံးသွားတယ်လို့ The Times of India သတင်းမှာ ဖော်ပြပါတယ်။

ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်လောက်က အယ်လ်မက်တွမ် နိုင်ငံတကာလေဆိပ်မှာ ပျံသန်းရင်းနဲ့ အောက်ဘက်ကိုထိုးစိုက်ချပြတုန်း ပြန်မထိန်းချုပ်နိုင်တော့ဘဲ မြေပေါ်ကိုပျက်ကျ မီးလောင်ခဲ့တာပါ။

Tejas Mark-1 တိုက်လေယာဉ် ပျက်ကျတာဟာ အိန္ဒိယနိုင်ငံရဲ့ ကြန့်ကြာနေတဲ့ ပြည်တွင်းဖြစ် တိုက်လေယာဉ်စီမံကိန်းနဲ့ တိုက်လေယာဉ်တွေကို ပြည်ပတင်ပို့နိုင်ခြေအတွက် အဓိကထိခိုက်မှုတခုလို့ The Times of India သတင်းက သုံးသပ်ပါတယ်။

လေယာဉ်ပျက်ကျလို့ လေယာဉ်မောင်းသူ အိန္ဒိယလေတပ်က လေယာဉ်မှူး နာမန်ရှ်ဆီရယ်လ် လည်း သေဆုံးသွားခဲ့ပြီး အိန္ဒိယကာကွယ်ရေးဝန်ကြီးက “အလွန်အမင်း ဝမ်းနည်းမိကြောင်းနဲ့ နိုင်ငံတော်အနေနဲ့ မိသားစုနဲ့အတူခိုင်ခိုင်မာမာရပ်တည်နေတယ်”လို့ ပြောပါတယ်။

Hindustan Aeronautics က ထုတ်လုပ်ပြီး အမေရိကန် GE-F404 တာဘိုဖန် အင်ဂျင်နဲ့မောင်းနှင်တဲ့ ပေါ့ပါးပြီးဘက်စုံသုံးနိုင်တဲ့ Tejas တိုက်လေယာဉ်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က အိန္ဒိယလေတပ်မှာ စတင် အသုံးပြုခဲ့ပြီးနောက် ဒါဟာ ဒုတိယအကြိမ် ပျက်ကျတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် မတ် ၁၂ ရက်နေ့က စစ်ရေးလေ့ကျင့်တာကနေပြန်တာတုန်း ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်မှူးဟာ ဘေးကင်းကင်း ခုန်ထွက်နိုင်ခဲ့ပါတယ်။

အိန္ဒိယလေတပ်ဟာ ဒူဘိုင်းလေကြောင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းညှိနှိုင်းပြီးနောက် ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းဖို့ စုံစမ်းရေးဘုတ်အဖွဲ့ကို ဖွဲ့စည်းထားပြီး ဂျက်လေယာဉ်ရဲ့ Black Box ပျံသန်းမှု အချက်အလက် မှတ်တမ်းတင်ကိရိယာ) ကိုလည်း ပြန်လည်ရရှိထားပြီလို့ ဆိုပါတယ်။

Source:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013