DVB Logo
Home
အားကစား
နိုက်စ်ကို ဂိုးပြတ်နိုင်ပြီး မာဆေးအသင်း ဇယားထိပ်ရောက်
DVB
·
November 22, 2025
နိုက်စ်ကို ဂိုးပြတ်နိုင်ပြီး မာဆေးအသင်း ဇယားထိပ်ရောက်
Donate to DVB

နိုဝင်ဘာ ၂၂ ရက် ဒီနေ့ မနက်အစောပိုင်းက ကစားခဲ့တဲ့ ပြင်သစ်လီဂူး ၁ ရဲ့  နိုက်စ်အသင်းနဲ့ မာဆေးလ်အသင်းတို့ ပွဲစဉ်မှာ ဧည့်သည် မာဆေးလ်အသင်းက ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

မာဆေးလ်အတွက် ဂိုးတွေကိုတော့ အူဘာမီယန်က ၁၁ မိနစ်၊ ဂရင်းဝုဒ်က ၃၃ မိနစ်နဲ့ ၅၃ မိနစ်တွေမှာ သွင်းယူခဲ့သလို တင်မိုသီဝေးအဟ်က ၅၈ မိနစ်၊ အိုင်ဂေါပိုင်ရှုံးက ၇၄ မိနစ်တွေမှာ အသီးသီး သွင်းယူခဲ့တာပါ။

အိမ်ရှင်အသင်းအတွင်း တလုံးတည်းသော ချေပဂိုးကိုတော့ အလီချောင်က ၆၃ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် မာဆေးလ်အသင်းက PSG အသင်းထက် တပွဲပို တမှတ်အသာနဲ့ ဇယားထိပ်ကို ရောက်သွားပါတယ်။

PSG အသင်းကတော့ မနက်ဖြန်မှာ အဆင့် ၁၂ နေရာက လီဟာဗရေးအသင်းနဲ့ကစားရမှာ ဖြစ်ပါတယ်။

Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013