DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ် ငြိမ်းချမ်းရေး အစီအစဉ်အရ ယူကရိန်းထက် ရုရှား အသာရနိုင်ဟုဆို
DVB
·
November 22, 2025
ထရမ့်ပ် ငြိမ်းချမ်းရေး အစီအစဉ်အရ ယူကရိန်းထက် ရုရှား အသာရနိုင်ဟုဆို
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကိုယ်တိုင်အဆိုပြုတဲ့ အချက် ၂၈ ချက်ပါ ယူကရိန်း ငြိမ်းချမ်းရေး အစီအစဉ်အသစ်က ရုရှားရဲ့ အကျိုးစီးပွားကို ဦးစားပေးထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီအစီအစဉ်အရ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသက နယ်မြေတွေကို စွန့်လွှတ်ပေးရေး၊ စစ်အင်အားလျှော့ချရေးနဲ့ NATO အဖွဲ့ထဲ ဘယ်တော့မှ မဝင်ပါဘူးဆိုတဲ့ ကတိတွေအထိ တောင်းဆိုထားပါတယ်။

အဲဒီအဆိုပြုချက် ထွက်လာအောင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုနဲ့ အထူးကိုယ်စားလှယ်ဖြစ်တဲ့ စတိဗ် ဝစ်ကော့ဖ် တို့ဟာ တလနီးပါးကြာအောင် တိတ်တဆိတ် စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အခုလိုမျိုး မူကြမ်းရေးဆွဲရာမှာ ယူကရိန်း ပါဝင်ခဲ့ခြင်း ရှိ၊ မရှိ ဆိုတာကို မသိရသေးပေမဲ့လည်း အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလိုင်း လဲဗစ် ကတော့ “နှစ်ဖက်စလုံးနဲ့ တန်းတူညီမျှစွာ” ထိတွေ့ဆက်ဆံခဲ့ကြောင်း တုံ့ပြန်ထားပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး ကလည်း ငြိမ်းချမ်းရေးအစီအစဉ် မူကြမ်းကို လက်ခံရရှိပြီးနောက် အမေရိကန်နဲ့အတူ “ရိုးသားပွင့်လင်းစွာ လက်တွဲလုပ်ကိုင်ဖို့” အဆင်သင့်ပါပဲ ဆိုပြီး မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် ယူကရိန်းဘက်က လက်နက်တွေကိုပါ စွန့်လွှတ်ရမယ့်အချက် ပါဝင်နေတာကြောင့် လာမယ့်ရက်ပိုင်းအတွင်း ထရမ့်ပ်နဲ့ ဇလန်းစကီး တို့ကြား ဆွေးနွေးပြောဆိုသွားဖို့ ရှိနေပါတယ်။

အဲဒီနောက် ယူကရိန်းသမ္မတရုံးက “စစ်ပွဲကို တရားမျှတတဲ့နည်းနဲ့ အဆုံးသတ်နိုင်အောင် အစီအစဉ်ပါ ပြဋ္ဌာန်းချက်အတိုင်း ​ဆောင်ရွက်သွားဖို့ရာ သဘောတူပါတယ်” ဆိုပြီး သီးခြား ထုတ်ပြန်ထားပါတယ်။

တဖက်မှာ ယူကရိန်းက တာဝေးပျံသန်းနိုင်တဲ့ ဒရုန်းတွေသုံးပြီး ရုရှားရဲ့ စစ်ဘက်အခြေစိုက်စခန်းတွေနဲ့ စွမ်းအင်အဆောက်အအုံတွေကို ထိထိရောက်ရောက် တိုက်ခိုက်လာနိုင်တာ တွေ့ရပါတယ်။

ဒါပေမဲ့ ရုရှားဘက်ကလည်း ယူကရိန်းပစ်မှတ်တွေကို တိုက်ခိုက်တာတွေ မလျော့သွားတဲ့အပြင် ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့ပါတယ်။

နိုဝင်ဘာ ၂၀ ရက် နှောင်းပိုင်းက ယူကရိန်းမြို့ ဇာပိုရစ်ချ်ဇီးယားကို ရုရှားရဲ့ နောက်ဆုံး တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၅ ယောက် သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက အတည်ပြုထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013