DVB Logo
Home
မြန်မာသတင်း
အသက် ၁၂ နှစ် သမီးအား မုဒိမ်းကျင့်သည့် ဖခင်ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် ၆၀ ချမှတ်
DVB
·
November 21, 2025
အသက် ၁၂ နှစ် သမီးအား မုဒိမ်းကျင့်သည့် ဖခင်ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် ၆၀ ချမှတ်
Donate to DVB

တောင်ငူမှာ အသက် ၁၂ နှစ်အရွယ် သမီးငယ်အား မုဒိမ်းကျင့်ခဲ့တဲ့ ဖခင်ဖြစ်သူကို တောင်ငူခရိုင်တရားရုံးက နိုဝင်ဘာ ၂၀ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၆၀ ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူအား မုဒိမ်းကျင့်ခဲ့သူ ဦးဇော်ခိုင်ကို တောင်ငူခရိုင်တရားရုံးက ပုဒ်မ ၃၇၆ (၁) အရ ထောင်ဒဏ် အနှစ် ၂၀ ၃ ကြိမ် စုစုပေါင်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ်အနှစ် ၆၀ ချလိုက်တာလို့ တရားရုံးနဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“အရက်မူးပြီး ၁၄ နှစ်အရွယ် သမီးအကြီးကို မုဒိမ်းကျင့်တာမရလို့ အသက် ၁၂ နှစ်အရွယ် သမီးအငယ်ကို မုဒိမ်းကျင့်တာ၊ ကလေးတွေ ကိုယ်တိုင်က ပြောတာတောင် ငြင်းနေလို့ တရားရုံးမှာစစ်တာ ၅ လနီးပါးကြာတယ်၊ မနေ့ကမှ အမိန့်ချလိုက်တာ။ ပုဒ်မက တခုတည်းပဲ ထောင်ဒဏ်အနှစ် ၂၀ သုံးကြိမ်ချလိုက်တာ။” 

အဆိုပါ မုဒိမ်းမှုဟာ တောင်ငူမြို့နယ် ဒိုးအင်းကျေးရွာမှာ ဇူလိုင် ၆ ရက်က ဖြစ်ပွားခဲ့ပြီး ကလေးမလေး ၂ ယောက်က ဘွားအေဖြစ်သူကို ပြန်လည်ပြောပြရာမှ တောင်ငူမြို့နယ် ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်မှာ ပြည်ခရိုင်တရားရုံးက ပြည်မြို့ ရွာဘဲရပ်ကွက်မှာ ပြည့်တန်ဆာအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အမျိုးသမီးတယောက်ဆီက ဖုန်းနဲ့ငွေလုယက်ခဲ့တဲ့ အမျိုသားကိုလည်း သေဒဏ်ချခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ကနေ ၂၀၂၅ ခုနှစ်အတွင်း ပဲခူးတိုင်းမှာ သက်ငယ်မုဒိမ်းမှု ၃၆ မှုနဲ့ မုဒိမ်းမှု ၄၂ မှုဖြစ်ခဲ့ပြီး အမှုပေါင်း ၇၈ မှုထဲက သေဒဏ် ၅ ယောက်နဲ့ ၇  ယောက်အား ထောင်တသက်တကျွန်းချခဲ့ပြီး ကျန်အမှုတွေကို စစ်ဆေးနေတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013