DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်၌ စစ်တပ်ဗုံးကြဲ၊ ကလေးများအပါအဝင် အရပ်သား ၇ ဦးသေဆုံး
DVB
·
November 20, 2025
မြိုင်မြို့နယ်၌ စစ်တပ်ဗုံးကြဲ၊ ကလေးများအပါအဝင် အရပ်သား ၇ ဦးသေဆုံး
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်ပိုင်းက ကံကြီးရွာကို စစ်ကောင်စီလေတပ်က ဒီနေ့ နိုဝင်ဘာ ၂၀ ရက် မနက် ၁ နာရီခွဲမှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၇ ယောက် သေဆုံးပြီး အယောက် ၂၀ ဝန်းကျင် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီလေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကံကြီးရွာက နေအိမ် ၁၀ လုံးမှာ ၇ လုံးက ပျက်စီးမှုများပြီး ဒေသခံ အရပ်သား ကလေး ၃ ယောက်နဲ့ လူကြီး ၂ ယောက် ပွဲချင်းပြီး သေဆုံးသလို အယောက် ၂၀ ကျော်လည်း အပြင်းအထန် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ပြင်းထန်ဒဏ်ရာရတာက ၂၀ ဦးကျော်လောက် ရှိတယ်။ ဆေးရုံပို့ထားရတယ်။ ဒီမနက်မှာပဲ ၂ ယောက် ထပ်သေဆုံးတယ်။ အမည်တွေနဲ့ အသက်တွေကိုတော့ မသိရသေးဘူး” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီဟာ မြိုင်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေတာတွေရှိပြီး ကံကြီးရွာကို ဒီနှစ်ထဲ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်ရှိမှာလည်း ပါရာမော်တာအန္တရာယ်ကို ထပ်ပြီး စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်ကလည်း “စစ်ကြောင်းထိုးနေတာတွေလည်း ရှိပါတယ်။ လတ်တလောကတော့ ၇ ဦး သေဆုံးတယ်။ ၂၀ ဦးကျော်လောက် ဒဏ်ရာရတာ မှန်ပါတယ်။ အသေးစိတ်ကိုတော့ ပြောပြလို့ မရသေးဘူး” လို့ ပြောပါတယ်။

နိုဝင်ဘာလဆန်းကစလို့ မြိုင်နယ်၊ ပေါက်နယ်တို့ကို စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာနေလို့ ဒေသခံထောင်ချီ စစ်ဘေးရှောင်နေကြရသလို စစ်ကောင်စီတပ်တွေ ဗုံးကြဲတိုက်ခိုက်တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013