DVB Logo
Home
နိုင်ငံတကာ
ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းအောင်လုပ်ရန် အသင့်ရှိဟု တရုတ်ဝန်ကြီးချုပ်ပြော
DVB
·
November 19, 2025
ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းအောင်လုပ်ရန် အသင့်ရှိဟု တရုတ်ဝန်ကြီးချုပ်ပြော
Donate to DVB

တရုတ်နိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ စိုက်ပျိုးရေးနဲ့ တခြားကဏ္ဍတွေမှာ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင်လုပ်ဖို့ အသင့်ရှိတယ်လို့ တရုတ်ဝန်ကြီးချုပ်က ရုရှားဝန်ကြီးချုပ်ကို ပြောပါတယ်။

တရုတ်ဝန်ကြီးချုပ် လီချန်းက ရုရှားမြို့တော် မော်စကိုမှာ ရုရှားဝန်ကြီးချုပ် မီခေးလ် မီရှူစတင်နဲ့ နိုဝင်ဘာ ၁၇ ရက်က တွေ့ချိန်မှာ ခုလို ပြောလိုက်တာပါ။

လီဟာ တနင်္လာနေ့ကနေ အင်္ဂါနေ့အထိ ကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ရဲ့ အဖွဲ့ဝင်နိုင်ငံတွေက အစိုးရအကြီးအကဲများကောင်စီရဲ့ ၂၄ ကြိမ်မြောက် အစည်းအဝေးအတွက် ရုရှားနိုင်ငံမြို့တော်မှာ ရှိနေခဲ့တာပါ။

အစည်းအဝေးအတွင်း လီက တရုတ်ဈေးကွက်ဟာ ရုရှားနိုင်ငံက အရည်အသွေးမြင့် စိုက်ပျိုးရေးနဲ့ အစားအသောက်ထုတ်ကုန်တွေကို ပိုကြိုဆိုတယ်လို့ ပြောပါတယ်။

မကြာသေးမီက သူနဲ့ မီရှူစတင်တို့ဟာ တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ ကျင်းပတဲ့ တရုတ်နဲ့ ရုရှားအစိုးရ အကြီးအကဲများ အကြိမ် ၃၀ မြောက် ပုံမှန်အစည်းအဝေးကို ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ရခဲ့တဲ့ အရေးကြီးတဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ အဓိကထား ဆွေးနွေးခဲ့တယ်လို့ လီက ပြောပါတယ်။

အစည်းအဝေးမှာ တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်မှုရဲ့ ကဏ္ဍအသီးသီးမှာ တိုးတက်မှုတွေကို ပြည့်ပြည့်စုံစုံ ပြန်သုံးသပ်ခဲ့ပြီး နောက်တဆင့်မှာ အဓိကပူးပေါင်းဆောင်ရွက်မှုအတွက် အစီအစဉ်တွေကို ချမှတ်ခဲ့တယ်လို့လည်း လီက ပြောပါတယ်။

လက်ရှိမှာ ရုရှား-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဟာ ခေတ်သစ်တခုအတွက် မကြုံစဖူး မြင့်မားတဲ့အဆင့်မှာ ရှိနေတယ်လို့ မီရှူစတင်က ပြောပါတယ်။

ရုရှားနိုင်ငံဟာ အဆင့်အားလုံးမှာ တရုတ်နိုင်ငံနဲ့ ဆွေးနွေးမှု၊ ဖလှယ်မှုတွေကို ပိုအားကောင်းစေဖို့၊ စီးပွားရေးနဲ့ ကုန်သွယ်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ ပြည်သူချင်း ဆက်ဆံရေးနဲ့ ယဉ်ကျေးမှုဖလှယ်ရေးတို့လို နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေဖို့၊ ပူးပေါင်းဆောင်ရွက်မှုမှာ တိုးတက်စေရေး မောင်းနှင်နေတဲ့ အားအသစ်တွေကို ဖန်တီးဖို့နဲ့ အိမ်နီးချင်းကောင်း ချစ်ကြည်ရင်းနှီးမှုကို စဉ်ဆက်မပြတ် မြှင့်တင်ဖို့ ဆန္ဒရှိတယ်လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ဆက်သွယ်ရေးနဲ့ ညှိနှိုင်းဆောင်ရွက်မှုကို အားကောင်းစေဖို့၊ SCO ရဲ့ အဖွဲ့အစည်းဆိုင်ရာ တည်ဆောက်မှုကို မြှင့်တင်ဖို့၊ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကြွယ်ဝချမ်းသာမှုကို မြှင့်တင်ရေး ပိုပံ့ပိုးကူညီဖို့ ဆန္ဒရှိတယ်လို့လည်း မီရှူစတင်က ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013