DVB Logo
Home
အားကစား
မန်ယူတိုက်စစ်မှူး ရှက်စ်ကို ဒူးဒဏ်ရာကြောင့် ၁ လကြာ အနားယူရမည်
DVB
·
November 19, 2025
မန်ယူတိုက်စစ်မှူး ရှက်စ်ကို ဒူးဒဏ်ရာကြောင့် ၁ လကြာ အနားယူရမည်
Donate to DVB

မန်ယူတိုက်စစ်မှူး ဘင်ဂျမင် ရှက်စ်ကိုဟာ ဒူးဒဏ်ရာကြောင့် တလကြာ အနားယူရမယ်လို့ သိရပါတယ်။

ရှက်စ်ကိုဟာ  ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်က စပါးအသင်းနဲ့ ၂ ဂိုးစီ သရေကျတဲ့ပွဲစဉ်မှာ ဒူးဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး နိုင်ငံအသင်းရဲ့ ပွဲစဉ်တွေကိုလည်း လွဲချော်ခဲ့ပါတယ်။

ရှက်စ်ကိုရဲ့ ဒူးဒဏ်ရာအခြေအနေက တလခန့် အနားယူရမှာဖြစ်ပြီး တိုးတက်မှုအခြေအနေအပေါ် မူတည်ပြီး အခုထက်ပိုပြီးလည်း ကြာနိုင်တယ်လို့ သိရပါတယ်။

အသက် ၂၂ နှစ်ရှိ ဆလိုဗေးနီးယား တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ သြဂုတ်လက ဂျာမန်ကလပ် လိုက်ပ်ဇစ်ကနေ ပေါင် ၇၄ သန်းနဲ့ မန်ယူအသင်းဆီ ပြောင်းရွှေ့လာခဲ့သူပါ။ သူဟာ အသင်းနဲ့ စုစုပေါင်း ၁၂ ပွဲကစားအပြီးမှာ ၂ ဂိုး သွင်းယူထားပါတယ်။

မန်ယူနည်းပြ အာမိုရင် အနေနဲ့ ရှက်စ်ကိုရဲ့ဒဏ်ရာ အခြေအနေ အသေးစိတ်ကို နိုဝင်ဘာ ၂၅ ရက်မှာ ကစားရမယ့် အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောပြသွားဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013