DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်၏ ဂါဇာငြိမ်းချမ်းရေးအစီအစဉ် ကုလလုံခြုံရေးကောင်စီ ထောက်ခံ
DVB
·
November 18, 2025
ထရမ့်ပ်၏ ဂါဇာငြိမ်းချမ်းရေးအစီအစဉ် ကုလလုံခြုံရေးကောင်စီ ထောက်ခံ
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အချက် ၂၀ ပါ ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထောက်ခံ အတည်ပြုလိုက်ပါတယ်။

ဒီအစီအစဉ်မှာ နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ (ISF) တရပ် ထူထောင်ဖို့ ပါဝင်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံမှာ ၁၃ နိုင်ငံက ထောက်ခံခဲ့ပြီး ရုရှားနဲ့ တရုတ်တို့ကတော့ မဲမပေးဘဲ ကြားနေခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်အရ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” (BoP) လို့ခေါ်တဲ့ အသွင်ကူးပြောင်းရေး အုပ်ချုပ်မှုအဖွဲ့ကိုလည်း ဖွဲ့စည်းမှာဖြစ်ပြီး သမ္မတထရမ့်ပ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ်လို့ မျှော်လင့်ရပါတယ်။

ISF တပ်ဖွဲ့ဟာ အစ္စရေး၊ အီဂျစ်၊ အသစ်ဖွဲ့စည်းမယ့် ပါလက်စတိုင်း ရဲတပ်ဖွဲ့တို့နဲ့အတူ နယ်စပ်လုံခြုံရေးနဲ့ ဟားမတ်စ် အပါအဝင် အဖွဲ့တွေကို လက်နက်ဖြုတ်သိမ်းရေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဟားမတ်စ်အဖွဲ့ကတော့ ဒီဆုံးဖြတ်ချက်ဟာ ဂါဇာက ပြည်သူတွေရော သူတို့အဖွဲ့ကပါ လက်မခံတဲ့ နိုင်ငံတကာက အုပ်ထိန်းမှုစနစ်တခု ချမှတ်တာလို့ တယ်လီဂရမ်က တဆင့် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုကို လက်နက်ဖျက်သိမ်းတာ အပါအဝင် ဂါဇာကမ်းမြောင်မှာ နိုင်ငံတကာတပ်ဖွဲ့တွေကို လုပ်ငန်းတာဝန်နဲ့ အခန်းကဏ္ဍတွေ ချထားတာဟာ အဲဒီအဖွဲ့ရဲ့ ဘက်မလိုက်မှုကို  ဖယ်ရှားရာရောက်ပြီးတော့  သိမ်းပိုက်ထားသူတွေ အကျိုးအတွက် ပဋိပက္ခမှာ သက်ဆိုင်သူတယောက်အဖြစ် ပါဝင်လာရာ ရောက်တယ်လို့ ဟားမတ်စ်အဖွဲ့က ဝေဖန်ပါတယ်။

ဒါပေမဲ့ အနောက်ဘက်ကမ်းဒေသမှာ အခြေစိုက်တဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) နဲ့ အီဂျစ်၊ ဆော်ဒီအာရေဗျတို့လို အာရပ်နိုင်ငံတွေကတော့ ဒီဆုံးဖြတ်ချက်ကို အရေးတကြီး အကောင်အထည်ဖော်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီဆုံးဖြတ်ချက်ထဲမှာ ပါလက်စတိုင်းတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ နိုင်ငံဖြစ်တည်မှုအတွက်  ယုံကြည်စိတ်ချရတဲ့ လမ်းကြောင်း ဆိုတဲ့ စကားရပ်ကိုလည်း ကောင်စီအဖွဲ့ဝင်တချို့ရဲ့ တွန်းအားပေးမှုကြောင့် ထည့်သွင်းထားပါတယ်။

ဒီအစီအစဉ်ဟာ အောက်တိုဘာ ၁၀ ရက်က စတင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပထမအဆင့်ရဲ့ နောက်ဆက်တွဲ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013