DVB Logo
Home
နိုင်ငံတကာ
ကိုယ်လုံးတီးဖြင့် ဆိုင်ကယ်စီးပြီး ဈေးဝယ်ထွက်သော နိုင်ငံခြားသား ၁ ဦး အဖမ်းခံရ 
DVB
·
November 17, 2025
ကိုယ်လုံးတီးဖြင့် ဆိုင်ကယ်စီးပြီး ဈေးဝယ်ထွက်သော နိုင်ငံခြားသား ၁ ဦး အဖမ်းခံရ 
Donate to DVB

ထိုင်းမြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင် ခလောင်းလန်းမြို့ထဲမှာ နိုဝင်ဘာ ၁၆ ရက်မနက်က နိုင်ငံခြားသားတယောက် အဝတ်အစားမပါ ကိုယ်လုံးတီးနဲ့ မော်တော်ဆိုင်ကယ်စီးပြီး ဈေးလာဝယ်လို့ အနီးနားဝန်းကျင်က လူတွေအားလုံး အံ့အားသင့်ကုန်ကြပါတယ်။ 

အဆိုပါ အမျိုးသားဟာ အသက် ၃၀ ကျော်အရွယ်ရှိပြီး မနေ့မနက် ၇ နာရီခွဲလောက်က ကိုယ်လုံးတီးနဲ့ ဆိုင်ကယ်စီးပြီး ကုန်စုံဆိုင်ထဲ ဝင်လာတယ်၊ လက်တဘက်က သူ့ရဲ့ကျားအင်္ဂါကို ပိတ်ပြီး ခပ်တည်တည်နဲ့ ပစ္စည်းဝယ်တယ်။ အဲဒီနေရာဟာ ခလောင်းလန်းဖိတ်ထနားဈေးထဲမှာ ရှိတာကြောင့် လူတွေအားလုံး သူ့ကို အံ့ဩရှက်ရွံ့စွာကြည့်ကြတယ်၊ အချို့ကလည်း ရယ်နေကြတယ်။ သူကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ခပ်တည်တည်နဲ့ ဆိုင်ကယ်စီးပြီး ပြန်ထွက်သွားပါတယ်။ 

တခဏအကြာ သူ တည်းခိုနေတဲ့အိမ်ကို ရဲတွေ ရောက်လာတယ်၊ ဇနီးဖြစ်သူ ထိုင်းအမျိုးသမီးက သူ့ကို ဖျောင်းဖျပြောဆိုနေပါတယ်။ တာဝန်ရှိသူတွေက ဘာကြောင့် အဲသလို လုပ်ရသလဲလို့ မေးတာမှာ သူကတော့ ဘာမှပြန်မပြောဘဲ ဇနီးဖြစ်သူက သူ့ခင်ပွန်းဟာ ဘီယာသောက်ပြီး  ဆေးခြောက်ပါ ရှူထားကြောင်း၊ ဘောင်းဘီဝတ်ခိုင်းတာကို နားမထောင်ဘူး။ သူက ဆေးခြောက် အရှူလွန်မှာစိုးလို့ ဝှက်ထားတာကြောင့် ဆေးခြောက်ထွက်ဝယ်မယ်ဆိုပြီး အဲဒီတိုင်း အပြင်ထွက်သွားတာလို့  ပြောပါတယ်။ 

သူနဲ့ အဆိုပါနိုင်ငံခြားသားတို့ ညားနေတာ ၃ နှစ်ရှိပြီး နှစ်လအရွယ် သမီးတယောက် ရှိတယ်၊ ယောကျ်ားက နိုင်ငံခြားမှာ အနေများပြီး သူ့နဲ့ လာနေတာ ဒါပါဆိုရင် ၃ ခေါက်ပဲ ရှိသေးတယ်၊ ဒီတခေါက် ပြန်လာတာ ကြိုတင်အကြောင်းမကြားဘူး၊ လိုင်းကားစီးပြီး ကားမှတ်တိုင်ကနေ အိမ်ထိ ၅ ကီမီတာဝေးတဲ့ခရီးကို ခြေလျင်လျှောက်လာတယ်၊ အိမ်ရောက်တော့ သူ့မှာ စိတ်ညစ်စရာတွေ ရှိတယ် ပြောတယ်။ သူမလည်း ခင်ပွန်းဟာ စိတ်ကြွရောဂါသည်လို ဖြစ်နေတယ်၊ ဆေးရုံသွားမပြရသေးခင် ခုလို မဆင်မခြင်နဲ့ အပြင်ထွက်သွားတာလို့ ပြောပါတယ်။ 

ခင်ပွန်းက အခုလိုဖြစ်နေတော့ ရှေ့ကို ဘယ်လိုဆက်သွားရမလဲ မသိကြောင်း၊ ခင်ပွန်းရဲ့ မိဘတွေ ဘက်ကလည်း မိမိကို သဘောမကျတာကြောင့် ကွာရှင်းဖို့လည်း စဉ်းစားမိကြောင်း၊ အဲဒီမနက်က ဈေးထဲမှာ ဖြစ်သွားတဲ့ကိစ္စအတွက်  အားလုံးကို တောင်းပန်ကြောင်း ပြောပါတယ်။ 

တာဝန်ရှိသူတွေကတော့ သူတို့လင်မယား နှစ်ယောက်လုံးကို ထပ်မံစစ်ဆေးဖို့ ရဲစခန်းကို ခေါ်သွားတယ်၊ အမျိုးသားဖြစ်သူကို ရာဇသတ်ပုဒ်မ ၃၈၈ အရ အများပြည်သူရှေ့မှာ မဖွယ်မရာ နေထိုင်ပြမူမှုနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

Source - CH7 TV News / Amarintv News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013